http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

27 May 2012

အိန္ဒိ ယ ၀န်ကြီး ချုပ် မန် မို ဟန် ဆင်း မြန် မာခ ရီး စဉ် စ တင်

http://media.voanews.com/images/AP_India_Prime_Minister_Singh_FILE_230.jpgIndia နိုင်ငံဝန်ကြီးချုပ် Manmohan Singn ဟာ သမိုင်းတွင်မယ့် ခရီးစဉ်တခုအဖြစ်နဲ့ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိမှာဖစ်ပါတယ်။ ၂၅ နှစ်အတွင်း India ဝန်ကြီးချုပ်တဦးရဲ့ မြန်မာနိုင်ငံ ပထမဆုံးခရီး စဉ်ဖြစ်ပြီး မေလ (၂ရ) ရက်ကနေ (၂၉) ရက်နေ့ထိ (၃) ရက်ကြာမှာဖစ်ပါတယ်။
လုံခြုံရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနဲ့အခြေခံအဆောက်အဦးဆိုင်ရာ ကိစ္စရပ်တွေအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ကိုင်ရေးအတွက် မြန်မာသမ္မတဦးသိန်းစိန်နဲ့ Mr.Singh တွေ့ ဆုံဆွေးနွေးမှာပါ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဂါင်္နေ့မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။
India နိုင်ငံရဲ့ အားကောင်းကောင်းနဲ့ ဖွံ့ဖြိုးနေတဲ့ စီးပွားရေး အတွက် လောင်စာလိုအပ်မှုရှိသလို မြန်မာနိုင်ငံ အပေါ် တရုတ်ရဲ့ သြဇာ လွှမ်းမိုးမှုကို စိုးရိမ်တယ်ဆိုတာကို အခု ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်က ထောက်ပြနေပါတယ်။  India ရဲ့ အရှေ့မျှော်မူဝါဒ အတွက် အရေးကြီးလှတဲ့ အိမ်နီးချင်းနိုင်ငံတခုနဲ့ အားကောင်း ခိုင်မာပြီး နှစ်ဘက် စလုံးအတွက် အကျိုးများစေမယ့် ဆက်ဆံရေး မျိုး ရရှိထားချင်ပါတယ်လို့လည်း India နိုင်ငံခြားရေးဝန်ကြီး Ranjan Mathai က သောကြာနေ့ကပဲ ပြောသွားတာပါ။
India နဲ့မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးက ဒေါ်လာ သန်း ၁,၂၀၀ လောက်ရှိပြီး ၂၀၁၅ ခုနှစ်မှာ ဒေါ်လာ သန်း ၁,၅၀၀ အထိ ဖြစ်အောင် လုပ်ဆောင်ဖို့ နှစ်နိုင်ငံလုံးက မျှော်လင့်နေတာ ဖြစ်ပါတယ်၊၊ 
www.voanews.com/burmese/news/burma/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif