http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

27 May 2012

ကြိုက် တာ က မိန်း ကလေး ရေမွှေး နံ့ သုံး တာ က ယော က်ျားလေး ရေမွှေး

ကြိုက်တာက မိန်းကလေး ရေမွှေးနံ့ သုံးတာ က ယောက်ျားလေး ရေမွှေး စိုင်းစိုင်းခမ်းလှိုင်လူတစ်ယောက် အနေနဲ့ ကျန်းမာရေးက နံပါတ် (၁) အရေးကြီးပါတယ်။ လူတစ်ယောက် မကျန်းမာ ရင် ဘာမှလုပ်လို့ မရတော့ဘူး။ ကိုယ်ရောစိတ်ရော ကျန်း မာနေ ဖို့ လူတိုင်း လူတိုင်း လိုအပ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ မလိုအပ်တဲ့ အဆီပိုတွေ ရှိနေရင် ကျန်းမာရေးအတွက် မကောင်းဘူးလေ။ ကိုယ်ကိုယ် တိုင် ကလည်း ဝတာကို မကြိုက် ဘူး။ ဝနေရင် ကိုယ်ကိုယ် တိုင် က လေးလေး ပင်ပင် ဖြစ်တယ်လို့ ခံစားရတယ်။
အဲဒီအတွက် ပုံမှန် ကျန်းမာရေး လေ့ကျင့်ခန်းလည်း လုပ်ဖြစ်ပါတယ်။ တစ်ခါတလေ လမ်းလျှောက်တယ်။ တစ်ခါတလေ ပြေးပါတယ်။ ရေလည်း ကူးတတ်ပါတယ်။ စက်ဘီးလည်း စီးတတ်သေးတယ်။ အစားအသောက်ကတော့ အကုန်စားတယ်။ အသီးအနှံဆိုရင်လည်း တော်တော်များများကို ကြိုက်တယ်။ သိပ်လည်း မရွေးသလို မထိန်းသိမ်းဖြစ်သေးပါဘူး။ နယ်ကပြန်လာရင်လည်း သိပ်ပြီး မထိန်းသိမ်းတတ်ဘူး။ ယောက်ျားလေးလည်း ဖြစ်တဲ့အတွက် ဂရုစိုက်စရာလည်း သိပ်မလိုဘူး ထင် တယ်။ ရေချိုးပြီး ခေါင်းလျှော်လိုက်တာပဲ။
ကျွန်တော့်ရဲ့ Hair Stylist ကတော့ မမီ (The Salon) ကပါ။ Cosmetic တွေကတော့ အတည်တကျ သုံးတာမျိုးဆိုပြီး ပြောဖို့ခက်ပါတယ်။ ကြုံရာလည်း သုံးတတ်ပါတယ်။ လောလောဆယ်တော့ မျက်နှာသစ်ဆပ်ပြာ အနေနဲ့ Proactive တံဆိပ်ကို သုံးနေပါတယ်။ ရေမွှေးကိုတော့ Chic For Men တံဆိပ်ကိုသုံးတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ယောက်ျားလေးဆိုတော့ မိန်းကလေး အနံ့တွေကို ပိုသဘောကျတယ်။ ကျွန်တော်ကြိုက်တာက မိန်းကလေး ရေမွှေးနံ့ဖြစ်ပြီး သုံးတာကတော့ ယောက်ျားလေး ရေမွှေးလို့ ပြောရမယ်။ ကျွန်တော်တို့ လူငယ်တွေ အကုန်လုံးကို ကျန်းမာသန်စွမ်းတဲ့ ထူးချွန်တဲ့ လူငယ်တွေ ဖြစ်စေချင်ပါတယ်။ နိုင်ငံတကာ စံချိန်မီ ဒါမှမဟုတ် နိုင်ငံတကာထက် ပိုပြီးတော့ ကျန်းမာကြံ့ခိုင်တဲ့ လူငယ်တွေပဲ ဖြစ်စေချင်ပါတယ်။ 
www.yoyarlay.com/index

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif