http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

12 May 2012

စိတ် ရှုပ် မ ခံတော့ တဲ့ ဝိုင်း စု ခိုင် သိန်း

 စိတ်ရှုပ်မခံတော့တဲ့ ဝိုင်းစုခိုင်သိန်းဝိုင်းစုလို့ ပရိသတ်က စသိခဲ့တဲ့ ဇာတ်ကား တွေက "မြက်ဖျားနှင်း" ဆိုတဲ့ ဇာတ်ကား၊ အဲဒီ ဇာတ်ကားက ဝိုင်းစု ပထမဦးဆုံး စရိုက်ဖြစ်တဲ့ ဇာတ်ကား၊ နောက်ပိုင်း ကျတော့ 'လိပ်ပြာ ဝှက်တမ်း'၊ "Lady First" တို့လိုဇာတ်ကားတွေနဲ့ ပရိသတ်က စသိ လာခဲ့တာ။ တစ်ခုတည်းနဲ့သိ သွားတာမျိုးတော့ မဟုတ်ဘူး။
အဆိုတော် အနေနဲ့ ကိုဆောင်းဦးက VCD ထုတ်ဖို့ရှိတယ်။ အသံလာစစ်၊ သီချင်းနဲ့ လိုက်ရင် ထည့်ပေးမယ် ဆိုတာနဲ့သွားဆိုဖြစ်တော့ 'ကိုဆောင်းဦးရေးတဲ့ သီချင်းတွေမှာ ကိုယ့် အသံနဲ့ လည်း လိုက်တာနဲ့ ဆိုဖြစ်သွားတယ်' အဆိုတော် တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် စီးရီးလောက မှာ ခိုးကူးတွေပေါ်လာတာတော့ Producer တွေနစ်နာတာပေါ့။
ဝိုင်းစု ကတော့ ထိခိုက် သလားဆိုတော့ ဝိုင်းစုအနေနဲ့တော့ ထိခိုက်တယ် လို့တော့မဟုတ်ဘူး။ မထိခိုက်ဘူးလားဆိုတော့လည်း မဟုတ်ပြန် ဘူး။ အဓိကကတော့ နစ်နာတာကတော့ Producer ပေါ့။ စီးရီးခွေဆို ရင် အဆိုတော်တွေကနောက်ပိုင်း ကိုယ့်ဘာသာ ကိုယ် ထုတ်လုပ် လာ ကြတယ်။
ဝိုင်းစုဆိုရင်လည်း ကိုယ့်ဘာသာကိုယ်ထုတ်တယ်။ စီးရီးေ ခွထုတ်လို့ ပြဿနာမရှိဘူး။ မြတ်သည်ဖြစ်စေ၊မမြတ်သည်ဖြစ်စေ၊ အခွေကတော့ပေါက်သွားတာပဲလေ။ ဝိုင်းစုတို့အနေနဲ့က ပြန်ရှာလို့ရ တယ်။ Show ပွဲတွေနဲ့ဝင်ငွေပြန်ဝင်တာပဲလေ။ အဓိကတော့ Producer ထိခိုက်တာပေါ့။ သူတို့ခိုးကူးခွေထွက်လို့ သူတို့စားဝတ်နေရေးပြေ လည်သွားတယ်ဆိုရင်လည်း ကျေနပ်ပါပြီ။ အလှူတစ်ခုလိုပဲ သဘော ထားပါတော့တယ်။
ဒါပေမယ့် ဒီလိုခေတ်ပျက်ကြီးမှာ ဝိုင်းစုတို့အနေနဲ့ စီးရီးခွေကို ရဲရဲကြီးထွက်ဖြစ်တာက ဝိုင်းစုတို့ရဲ့အနုပညာကိုတင်ပြ ချင်တာ၊ ခိုးကူးခွေထွက်မယ်ဆိုတာကိုလည်း သိတယ်။ ဒါပေမယ့် အမာခံ ပရိသတ်တွေ ကိုတော့ မူရင်းအခွေ နားထောင် စေချင်တာပေါ့ နော်။ မတတ်နိုင်ဘူး။ မူရင်းပဲဖြစ်ဖြစ်၊ ခိုးကူးပဲဖြစ်ဖြစ် ဝိုင်းစုရဲ့အနုပညာ တွေက ပရိသတ်တွေ ကြားထဲ ရောက်သွား ရင်ပဲ ကျေနပ်ပါပြီ။
အခု လတ်တလောက ဂီတနဲ့ သရုပ်ဆောင် နှစ်ခုကိုပဲ အာရုံစိုက်ပြီးလုပ်ဖြစ် နေတယ်။ ကျန်တဲ့ဟာတွေကတော့ စိတ်မဝင်စားနိုင်သေးဘူး။ ဝိုင်းစုကို တိုက်ခိုက်လာမယ့်အရာတွေကို ဘယ်အရာမှ ခေါင်းထဲ မထည့်ဘူး။ တိုက်ခိုက်လာတာကတော့ လူတိုင်းမှာရှိမှာပဲ။
သူတို့ တိုက်ခိုက်တာ များလေ၊ ဝိုင်းစုအနေနဲ့ပိုပြီးတိုးတက်လေလို့ မှတ်ထား တယ်။ ကောလာဟလဆိုတာကလည်း ဝိုင်းစုဘာမှမသိဘူး။ အချိန်တန်ရင်ပြီးသွားမှာပဲ။ ပြီးသွားတဲ့ ဟာတစ်ခု ကို ဝိုင်းစုက စိတ် ရှုပ်ခံပြီး မဖြေရှင်းဘူး။ ဝိုင်းစုကိုယ်တိုင်လည်း စိတ်ရှုပ်တယ်။ ကောလာဟလပြောတဲ့သူတွေက သူတို့ကိုယ်တိုင် စိတ်ရှုပ်ခံပြီး လိုက်ပြောနေတာ ။ သူတို့ ကိုယ်တိုင်ပဲ စိတ်ရှုပ်ပလေ့စေ။ဝိုင်းစုကတော့ စိတ် ရှုပ်မခံတော့ဘူး။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif