သွေးက လူတွေရဲ့ အသက် ဖြစ်ပေမယ့် ကမ္ဘာ့ ရှေးအကျဆုံး သွေး နမူနာကို သိပ္ပံရှင်တွေက အခုမှ ရှာဖွေ တွေ့ရှိခဲ့တာပါ။ အဲဒီ သွေးနမူနာကို အီတလီ ရေခဲမြစ် တစ်ခုမှာ တွေ့ရှိခဲ့တဲ့ နှစ်ပေါင်း (၅၀ဝ၀) သက်တမ်းရှိ အမျိုးသားမံမီ ရုပ်အလောင်း တစ် လောင်းကနေ တွေ့ရှိခဲ့တာဖြစ်ပါ တယ်။
ဒီမံမီရုပ်အလောင်းကို လွန်ခဲ့တဲ့ (၂၂)နှစ်ကျော်က အေးခဲနေတဲ့ ရေ ခဲမြစ်တစ်ခုမှာ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရေ ခဲလူသား Oetzi လို့ အမည်ပြောင်း ပေးခဲ့ကြပါတယ်။
အကြိမ်ကြိမ်လေ့ လာစမ်းသပ်ခဲ့မှုတွေအရ သူနောက်ဆုံး စားခဲ့တဲ့ အစားအစာကို ဖော်ထုတ်နိုင် ခဲ့သလို အမြင့်ပေ (၉၀ဝ၀) ရှိတဲ့ တောင်တန်းတွေပေါ် လမ်းလျှောက် သွားလာနေတုန်း မြှားတစ်ချောင်းနဲ့ ပစ် သတ်ခံခဲ့ရတာဆိုတာကိုလည်း သိရှိခဲ့ ပြီးပါပြီ။
အခု သွေးနမူနာကိုတော့ ဂျာ မဏီနဲ့ အီတလီက အဖွဲ့တစ်ဖွဲ့က သူ့ရဲ့ ကိုယ်ပေါ်ရှိနေတဲ့ ဒဏ်ရာတွေကို လေ့ လာရင်း တွေ့ရှိခဲ့တာပါ။ မိုက်ခရို စကုပ်နဲ့ လေ့လာခဲ့မှုအရ အဲဒီအနီရောင် သွေးဆဲလ်တွေ ပုံစံတွေဟာ ဒီနေ့ ကျန်းမာသန်စွမ်းတဲ့ လူတွေမှာလို ဒိုး နက်မုန့် ပုံစံဖြစ်နေတယ်ဆိုတာ တွေ့ရှိ ခဲ့ရပါတယ်။
အရပ် (၁၅၉) စင်တီမီ တာအသက် (၄၆) နှစ်ရှိတဲ့ ဒီရေခဲ လူသားရုပ်အလောင်းကို အီတလီ- ဩ စတြီးလျားနယ်စပ်က Similaur ရေခဲမြစ်ပေါ်မှာ ၁၉၉၁ ခုနှစ်က တွေ့ ရှိခဲ့ခြင်း ဖြစ်ပြီး အခုချိန်ထိ မပျက်မဆီး ရှိနေပါသေးတယ်။
www.yoyarlay.com
0 comments:
Post a Comment