ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ တင်ပြချက်အရ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ကော်မရှင် အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ နိုင်ငံရေးပါတီ နှစ်ပါတီမှ မြို့နယ်အဆင့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့ ပါဝင်သော စုံစမ်းစစ်ဆေးရေး အဖွဲ့များဖြင့် မဲရုံအသီးသီးရှိ ဆန္ဒမဲ ပေးခဲ့သည့် လက်မှတ်များကိုပါ ဖွင့်ဖောက် စစ်ဆေးခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စုံစမ်းစစ်ဆေးရေး အဖွဲ့များ၏ စစ်ဆေး တွေ့ရှိချက်များအရ တိုင်ကြားခံရသည့် မြို့နယ် ၁၀ မြို့နယ်၌ ဆန္ဒမဲလက်မှတ်များကို ဖယောင်းသုတ်မှု ဖြစ်စဉ် လုံးဝ ဖြစ်ပွားခဲ့မှု မရှိကြောင်း၊ ယင်းသို့ ဖြစ်ပွားခဲ့သည်ကို တရားဝင် တိုင်ကြားသူလည်း မရှိကြောင်း၊ သတင်းအခြေအမြစ် မရှိသည့် တဆင့် ကြားစကား၊ ထင်မြင်ချက်များဖြင့် ကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းသာ ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့် မဲဆန္ဒနယ် ၄၅ နေရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၄၃ နေရာနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတို့က တစ်နေရာစီ အနိုင်ရရှိခဲ့သည်။
www.yoyarlay.com






0 comments:
Post a Comment