http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

4 May 2012

အ ရှင် ဂန္ဘီရ ဆေး ကု သခွင့် အငြင်း ခံ ရ

ရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ အရှင်ဂန္ဘီရကို ဆေးဝါးကုသပေးနေတဲ့ မိတ္တီလာမြို့က စိတ်ရောဂါ အထူးကုဆရာဝန်ကြီး ဦးမြင့်ဆွေက ဆက်လက် ဆေးဝါးကုသ မပေးနိုင်တော့ကြောင်း ငြင်းဆိုလိုက်တယ်လို့ သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် မြောင်းမြ အကျဉ်းထောင်မှ ပြန်လည်လွန်မြောက်လာသူ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် အရှင် ဂမ္ဘီရကို မဂ္ဂင်ကျောင်းတွင် သတင်းသုံးနေစဉ် တွေ့ရပုံ။ ဓာတ်ပုံ - RFA

နိုင်ငံရေးအရ နာမည်ကျော်ကြားသူ ဖြစ်တဲ့အတွက် တခြားအရှုပ်အရှင်းတွေ ဖြစ်မှာစိုးတာကြောင့် ရပ်ဆိုင်းလိုက်ကြောင်း ဆရာဝန်ကြီးက ရှင်းပြခဲ့တယ်လို့ ဦးဂန္ဘီရရဲ့မိခင် ဒေါ်ရေးက အခုလို ပြောပြပါတယ်။
" မနေ့က ဆရာဝန်ကြီးနဲ့တွေ့တယ်။ တွေ့တော့ ဦးဂန္ဘီရတို့ မင်းကိုနိုင်တို့ စတဲ့ နာမည်ကြီးတွေတဲ့ ။ အဲတာ သူကဝန်ထမ်းမို့လို့ မန္တလေးတို့ ရန်ကုန်တို့မှာ သွားကုပါတဲ့။ အဲဒီလို ငြင်းလွှတ်လိုက်တယ်။ ရှောင်တာနေမှာပေါ့။ ဆရာဝန်ကြီးပဲ။
အပြစ်မပြောချင်ပါဘူး"
ဦးဂန္ဘီရဟာ ဖြစ်ပွားနေတဲ့ စိတ်ရောဂါအတွက် ဆရာဝန်ကြီး ဦးမြင့်ဆွေနဲ့ ကုသလျက်ရှိရာမှာ ပထမအကြိမ် ပြသပြီးနောက် ၇ ရက်စာ ဆေးပေးခဲ့ပြီး မနေ့က နောက်တစ်ပတ်စာ ဆေးသွားယူစဉ် ဆရာဝန်ကြီးက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်၊ မန္တလေး အစရှိတဲ့မြို့ကြီးတွေကိုသာ သွားရောက်ကုသဖို့ ပြောလိုက်တယ်လို့လည်း ဒေါ်ရေးက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းမေးမြန်းနိုင်ဖို့ ဆရာဝန်ကြီး ဒေါက်တောမြင့်ဆွေရဲ့ လက်ကိုင်ဖုန်းကို ဆက်ကြည့်တဲ့အခါ လာရောက်ဖုန်းကိုင်သူက ဆရာဝန်ကြီး မရှိကြောင်းသာ အကြောင်းပြန်ကြားခဲ့ပါတယ်။
အရှင်ဂန္ဘီရဟာ အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာပြီးနောက် ကျန်းမာရေး အခြေအနေအရ ပြီးခဲ့တဲ့ နှစ်ဆန်း ၁ ရက်နေ့က လူဝတ်လဲခဲ့ရပါတယ်။ 
RFA NEWS

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif