မိတ်ဆွေသစ်ရခြင်း၊ အလှူ၊ မင်္ဂလာပြုလုပ်ရခြင်း၊ စိန်လက်စွပ်၊ ရွှေလက်စွပ်ဝင်ခြင်းများဖြစ်
တတ်သည်။ ဖုန်းလဲရတတ်သည် (သို့) ရေကြောင့် ဖုန်းပျက်စီးတတ်သည်။ ဆိုင်ခန်းရောင်း
ရန်ရှိခြင်း၊ ဆိုင်ကယ်ရောင်းရန်ဖြစ်လာခြင်းဖြစ်နေမည်။ စာချုပ်စာတမ်းလက်မှတ်ရေးထိုးမိ၍
စိတ်အနှောင့် အယှက်ဖြစ်ခြင်းဖြစ်တတ်သည်။ စာရင်းအင်းမှားတတ်သည်။ သတိထားပါ။
ငွေဝင်မည်။ အကြောင်းမဲ့ငွေကုန်များနေမည်။ အလုပ်တွင် အခက်အခဲဖြစ်နေခြင်း၊ အတိုက်
အခံဖြစ်ခြင်း များနှင့်ရင်ဆိုင်နေရမည်။

ကျန်းမာရေး။ ဗိုက်အောင့်ခြင်း၊ လေထိုးလေအောင့်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ အချစ်ရေတွင်စိတ်ချမ်းသာမှုများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရှောက်သီးသုပ်
ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၁ ၀ ၀ ၁)
တနင်္လာသားသမီးများ၏ကံကြမ္မာ
ငွေများအလုံးအရင်းနှင့်ဝင်ကိန်းရှိနေသည်။ လာဘ်အလွန်ကောင်းနေသည်။ ပျော်ရွှင်သော
ခရီးကောင်းရှိသည်။ စီးပွားတက်နေမည်။ ကားဝင်ခြင်း၊ တိုက်ခန်းဝင်ခြင်း၊ နိုင်ငံခြားခရီး
သွားရခြင်း၊ နိုင်ငံခြားမှလက်ဆောင်ပစ္စည်းများရခြင်း၊ လက်အောက်ငယ်သားကောင်း
များရောက်လာခြင်းများဖြစ်မည်။ ကွန်ပြူတာပျက်နေတတ်သည်။ မြေထွက်ခြင်း၊ ရပ်ဝေးမှ
နာရေးသတင်းကြားရခြင်းဖြစ်တတ်သည်။

ကျန်းမာရေး။ မျက်စိနှင့်ပတ်သက်ပြီးဖြစ်တတ်သည်။
အချစ်ရေး။ စန်းအားကောင်းနေသည်။ မမှားအောင်စုံစမ်းပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နန်းကြီး
သုပ်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၂ ၀ ၇ ၂ )
အင်္ဂါသားသမီးများ၏ကံကြမ္မာ
ပြည်တွင်းပြည်ပခရီးနှစ်မျိုးလုံးသွားရတတ်သည်။ ဆုံးဖြတ်ရခက်နေသောကိစ္စများဖြစ်နေမည်။
ဝေခွဲရခက်အောင်ဖြစ်နေမည်။ စိတ်တိုင်းမကျစရာများ၊ စိတ်အလိုမကျစရာများဖြစ်နေမည်။
ရွှေလက်စွပ်ထွက်ခြင်း၊ လူလိမ်ခံရခြင်း၊ သူခိုးခိုးခံရခြင်းဖြစ်တတ်သည်။ ငွေအချေးအဌားမလုပ်ပါနှင့်။
ပြန်ရဖို့ခက်မည်။ ဘာပဲလုပ်လုပ်အဆင်မပြေတာများနေမည်။ သည်းခံပြီးနေပါ။

ကျန်းမာရေး။ သွေးတိုးခြင်း၊ ဆိုင်ကယ်၊ ကားတို့ကြောင့်ကွဲပြဲပြီးချုပ်ရတတ်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ အဆင်မပြေ၍စိတ်ညစ်နေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါင်မုန့်ထောပတ်
သုပ်ကပ်လှူဆုတောင်းပါ။
အချစ်ရေး။ အဆင်မပြေ၍စိတ်ညစ်နေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါင်မုန့်ထောပတ်
သုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၅ ၄ ၅)
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
အိုးသစ်အိမ်သစ်နေရာသစ်ရောက်ရတတ်သည်။ အလုပ်သစ်လုပ်ရန်ပေါ်လာလိမ့်မည်။ လုံးဝမလုပ်ပါနှင့်။
လုပ်သမျှကုန်မည်။ လက်ရှိအလုပ်ကိုသာဂရုတစိုက်လုပ်ပြီးနေပါ။ စာရွက်စာတမ်းကိစ္စကြောင့်၎င်း
လက်အောက်ငယ်သားကြောင့်၎င်းစိတ်ညစ်စရာဖြစ်နေမည်။ ကိုယ်ကိစ္စမဟုတ်ဘဲသူတပါးကိစ္စကြောင့်
စိတ်ရှုပ်နေရတတ်သည်။ ယခုအချိန်တွင်အသွားအလာ၊ အပြောအဆို၊ အနေအထိုင်သတိရှိရှိနေပါ။
အစစအရာရာညံ့နေသည်။

ကျန်းမာရေး။ ဆေးထိုးမှားခြင်း၊ ဆေးစားမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စိတ်ညစ်စရာဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းစိမ်းရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁ ၆ ၅ ၆)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ
စက်ပစ္စည်းဝင်ခြင်း၊ စိန်ပစ္စည်းဝင်ခြင်း၊ ဆိုင်ကယ်ဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်းများဖြစ်တတ်သည်။
လာဘ်ပိတ်နေတတ်သည်။ ခင်မင်သောမိတ်ဆွေနှင့်လမ်းခွဲရတတ်သည်။ သောကနှင့်ယှဉ်သော
ခရီးသွားရတတ်သည်။ သားသမီးရှိက သားသမီးအိမ်မှထွက်တတ်သည်။ သတိထားပါ။ မြေထွက်ခြင်း၊
ဖုန်းထွက်ခြင်းဖြစ်တတ်သည်။ လူလိမ်ခံရတတ်သည်။ အလောင်းအစားမလုပ်ပါနှင့်။ ဘ၀ပျက်တတ်သည်။
ငွေပျောက်တတ်သည်။

ကျန်းမာရေး။ လေဖျန်းခြင်း၊ လေဖြတ်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်စားရတတ်သည်။ ဘ၀လက်တွဲဖေါ်မဖြစ်နိုင်ပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားခေါက်ဆွဲသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃ ၁ ၀ ၀)

သောကြာသားသမီးများ၏ကံကြမ္မာ
စန်းပွင့်ခြင်း၊ စုတ်လာဘ်ဝင်ခြင်း၊ အပိုဝင်ငွေရခြင်း၊ လစာတိုးခြင်း၊ စီးပွားတက်ခြင်းများနှင့်ဖြစ်နေမည်။
စီးပွားတက်နေသောကြောင့်အပျာ်အပါးသတိထားပါ။ ပျော်ရွှင်သောခရီးသွားရခြင်း၊ အခန်းပြောင်းရခြင်း၊
ပြုပြင်ရခြင်းများပြုလုပ်ရတတ်သည်။ ဘာသာရေးနှင့်ပတ်သက်သောကိစ္စများ ပိုပြီးလုပ်ဆောင်နေရမည်။
ဘုရားပုံတော်များ၊ ဆင်းတုတော်များေ
ရာက်လာတတ်သည်။ ကောင်းသည်။

ကျန်းမာရေး။ အစားမှာပြီးဗိုက်အောင့်တတ်သည်။ ၀မ်းလျောဝမ်းပျက်ဖြစ်တတ်သည်။
အချစ်ရေး။ အရွေးရခက်အောင်ချစ်သူကြိုက်သူများ အလွန်များပြားနေပါသည်။
ယတြာ။ မွေးနေ့နံနက်မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကော်ရည်ခေါက်ဆွဲကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄ ၂ ၈ ၂)

စနေသားသမီးများ၏ကံကြမ္မာ
ထီပေါက်ခြင်း၊ မြေ၀င်ခြင်း၊ ရေခြား၊မြေခြားပင်လယ်ရပ်ခြားခရီးသွားရခြင်းဖြစ်မည်။ စီးပွားတက်ခြင်း၊
မိဘကိုပိုပြီးကျေးဇူးဆပ်နိုင်မည်။ တိုက်ခန်းဝင်ခြင်း၊ စက်ပစ္စည်းဝင်ခြင်း၊ မျက်မှန်ဝင်ခြင်း၊ ပုဆိုးဝင်ခြင်း
ဆိုင်ခန်းဝင်ခြင်းဖြစ်မည်။ အလုပ်တွင်အစစအရာရာအဆင်ပြေသော်လည်း လက်အောက်ငယ်သား
အချင်းချင်းရန်ဖြစ်တတ်သည်။ သတိထားပါ။ ရွှေလက်စွပ်၊ စိန်လက်စွပ်ထွက်တတ်သည်။

ကျန်းမာရေး။ လေထိုးလေအောင့်ခြင်း၊ သွေးတိုးခြင်းဖြစ်တတ်သည်။
အချစ်ရေး။ မိမိဘ၀အတွက်စိတ်ချမ်းသာမှုရမည့်သူနှင့်တွေ့ရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဆီထမင်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅ ၃ ၂ ၆)

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ၊
ဟောခန်း- နန်းထိုက်ပဒုမ္မာ စားသောက်ဆိုင်၊ ကလန်း၊
(ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး)

ဖုန်း-+6016 690 3513 ,+6012 9133 093
*မလေးရှားမဟုတ်သော တခြားနိုင်ငံမှဗေဒင်ဝါသနာပါသူများဗေဒင်မေးမြန်းလိုသူများ
အီးမေးလ်ဖြင့်ဟောစာတမ်းပို့ပြီးဟောပေးပါသည်။

ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင်ဒေါ်ဆွေဇင်ဝတီ
freedomnewsgroup.files.wordpress.com/
0 comments:
Post a Comment