http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

28 May 2012

Online တွင် DotA က စားရုံဖြင့် ဆုေ ငွ ဆယ် သိန်း ရ ရှိ မည့် အ စီ အ စဉ် စ တင်

Online တွင် DotA ကစားရုံဖြင့် ဆုငွေ ဆယ်သိန်း ရရှိမည့် အစီအစဉ် စတင်Elite Tech Co.,Ltd ၏ စီစဉ် မှုဖြင့် Yandanarpon Sever ကို အသုံး ပြုပြီး၊ YTP DotA Online Tournament ကို နှစ်လတစ်ကြိမ် ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပြီး ၄င်းပြိုင်ပွဲတွင် Champion ဆုရရှိသည့် Clan အား ကျပ်ဆယ်သိန်းဆုချီးမြှင့်မည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ YTP DotA Online Tournament ကို ၂၀၁၂ခုနှစ်၊ မေလ ၁ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကာ YTP DotA Online Member ရှိရုံဖြင့် YTP DotA Online Tournament ကို ၂လတစ်ခါ ဝင် ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါ သည်။
၎င်းပြိုင်ပွဲကို စုစုပေါင်း ၇ ပတ်ကြာ ပြိုင်ပွဲပြုလုပ်မည်ဖြစ်ပြီး စ၍ကစားသော အရှေ့ ၅ပတ်တွင် Clans များ ကြိုက်သလောက်ဝင် ရောက်ဆော့ကစားနိုင်ပြီး No Rules, No Restrict ဖြင့် Clans War ထဲတွင် ဝင်ရောက်ကစားရ မည်ဖြစ်ပြီး၊ နောက်ကျန်ရှိသော ၂ပတ်ကို ရှေ့ ၅ပတ်တွင် ကစား ထားသော Clans များထဲမှ Top 32 CLan (အကောင်းဆုံး Clan ၃၂)သင်းကို ရွေးထုတ်မည်ဖြစ်ကာစုစုပေါင်း ၃၂သင်းကို Knock Out ပုံစံဖြင့်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရှိရသည်။
ဥပမာအားဖြင့် ၃၂ သင်းရှိရာတွင် နံပါတ် ၁ နှင့် ၃၂၊ ၂နှင့် ၃၁၊ ၃နှင့် ၃၀ စသဖြင့် ယှဉ် ပြိုင်ကစားသွားရမည်ဖြစ်ပြီး Quarter Final, Semi Final တို့ကို ကျော်ဖြတ်ကာ နောက်ဆုံးကျန်ရှိ သောအသင်း ၂ သင်းကို Best of 3 (၃ ပွဲယှဉ်ပြိုင်ရပြီး ၂ပွဲနိုင်သော အသင်း Champion)ဖြစ်မည့် ပုံစံဖြင့်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် Yandanarpon Server ရှိ DotA Online APSP mode တွင်လည်းMonthly Top Players ကို လစဉ်ရွေးချယ် ၍ ပထမဆု ကျပ် ၅သောင်း၊ ဒုတိ ယဆု ကျပ် ၃သောင်း၊ တတိယ ဆု ကျပ် ၂သောင်း တို့ကိုလည်း ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ YTP DotA Online Tournament နှင့်ပတ်သက်၍ အ သေးစိတ်သိရှိလိုသူများအနေဖြင့် http://ent.yatanarpon. com .mm/ အသေးစိတ်အချက် အလက်များကို ကြည့်ရှုလေ့လာ နိုင်ကြောင်းသိရှိရသည်။  
www.yoyarlay.com/index.php/science-tech/science-tech/internet/26539-online-dota

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif