အောင်မြင်မှု လမ်းကြောင်းပေါ် မှာ လျှောက်လှမ်းနေကြတဲ့ အနုပညာရှင်တွေထဲ မှတစ်ဦးအပါ အဝင်ဖြစ် တဲ့အနုပညာ ရှင်ကတော့ အနုပညာ အလုပ်တွေကို မနားတမ်းပုံဖော်နေတဲ့ အဆိုတော်၊ သရုပ်ဆောင်ချစ် သုဝေပဲဖြစ်ပါတယ်။ သူမနဲ့တွေ့ဆုံခိုက်မှာ အနုပညာနဲ့ ပတ်သက်တဲ့အကြောင်းများကိုး မေးမြန်းဖြစ် ခဲ့တာကတော့
- ထရီဇာရိုက်တဲ့ ဇာတ်ကားတွေက ပရိသတ်ရှေ့ကို ထိထိမိမိရောက်တဲ့ဇာတ်ကားတွေက များ တယ်နော်။ ဇာတ်ကားရိုက်တော့မယ်ဆိုရင် ဘယ်လို ကြိုတင် ပြီးတော့လေ့လာလဲ။
ထရီဇာခံ ယူထားတဲ့ ခံယူချက်က ဇာတ်ကားတွေလည်းတောက် လျှောက်ရိုက်နေဖို့ မလိုဘူးပေါ့နော်။ ကိုယ်က အလုပ်ကိုကောင်း ကောင်းလေးတွေလုပ်တယ်။ ကိုယ့်ဆီလာတဲ့ ဇာတ်လမ်းတွေက လည်း အမြဲ တမ်းကောင်းနေတတ်တယ်။အဲဒါလည်းပါတယ်။ထရီဇာအလုပ်ကိုလေးစားတယ်။ ဇာတ်လမ်းဇာတ် ညွှန်းတွေကြိုတင်တောင်းတယ်။ ဒီဇာတ်ညွှန်းထဲ မှာပါတဲ့ ကာရိုက်တာကဘယ်လိုမျိုးသရုပ်ဆောင် ရင် ကောင်းမလဲ၊ မိတ်ကပ်ပြင်တာကအစ ဒီကားထဲမှာ မိတ် ကပ်ပြင်ဖို့လိုလား၊ မလိုဘူးလား သေချာလေ့ လာတယ်။ အဝတ်အစား ကလည်း ကာရိုက်တာနဲ့လိုက်မယFashion တွေကအစ၊ နောက်တစ် ချက်က ရက်ပေးထားတဲ့အခါမှာလည်း ဒီဘက်ကစတိတ်ရှိုးရှိရင် ကြို တင်ပြီးညှိတဲ့အတွက်လည်း အဆင်ပြေ အောင် အတတ်နိုင်ဆုံးနဲ့ အ ကောင်းဆုံးဖြစ်အောင်လုပ်တယ်။
ဇာတ်လမ်းတစ်ခုကိုလက်ခံပြီးရင် ထရီဇာက ဘာကိုအဓိ ကထားပြီးလက်ခံလဲ။
စောစောကပြောသလိုပေါ့။ အဓိကတော့ ဇာတ်ကောင်ရဲ့ကာ ရိုက်တာကိုပဲကြည့်တယ်။ ကိုယ့်အတွက် ဇာတ်ကောင်နေရာကိုဝင် ရင် ဘာကျန်မလဲပေါ့။ ဇာတ်တစ်ခုလက်ခံရင် အဲဒါတွေကြည့်ဖြစ်တယ်။ ဇာတ်ကောင်က ကိုယ်နဲ့လိုက်ဖက်သည်ဖြစ်စေ၊ မလိုက်ဖက်သည် ဖြစ်စေ၊ အဲဒီဇာတ်ကားမှာ ကိုယ်ကသည် ဇာတ်လမ်းပါဇာတ်ကောင်ဖြစ်သွားပြီလေ။ အဲဒီဇာတ်လမ်းပါဇာတ်ကောင်ရဲ့ကာရိုက်တာနဲ့ အနီးစပ် ဆုံးဖြစ်အောင် ကိုယ်ကကြိုးစားပြီးသရုပ်ဆောင်တဲ့ဇာတ်ရုပ်မျိုးကို ရွေးပြီးလက်ခံရတာပါ။
ထရီဇာစိတ်ကူးထားတဲ့ ချစ်သူပုံရိပ်ကရော-
အဲဒီလိုမျိုးတွေ စိတ်ကူးမယဉ်တတ်ဘူး။ အခုချိန်မှာတော့ ချစ်သူ စိတ်ကူးပုံရိပ်ကို စိတ်ကူးမယဉ် ထားပါဘူး။
www.yoyarlay.com
0 comments:
Post a Comment