http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

24 May 2012

သ မ္မ တရွေးကောက် ပွဲ တွင် အို ဘား မား အနိုင် ရ မည် ဟု အမေ ရိ ကန် အ များ စု ယုံကြည်

သမ္မတရွေးကောက်ပွဲတွင် အိုဘားမား အနိုင်  ရမည်ဟု အမေရိကန် အများစု ယုံကြည် မကြာသေးမီက ယူအက်စ်အေတူဒေး သတင်း စာစောင်နှင့် ဂါးလပ် အဖွဲ့တို့ ပူးပေါင်းပြု လုပ်ခဲ့ သည့် စစ်တမ်းတစ်ရပ်အရ အမေရိကန် လူမျိုး ၅၆ ရာခိုင်နှုန်းက သမ္မတ အိုဘားမား သည် ၂၀၁၂ ခုနှစ် တွင် ပြုလုပ်မည့် သမ္မတရွေးကောက် ပွဲ၌ အနိုင်ရလိမ့်မည်ဟု ယုံကြည် ကြောင်း ဖြေကြားခဲ့သည်။
မေ ၁၀ ရက်မှ ၁၃ ရက် အ ထိ ကောက်ယူခဲ့သည့် ယင်းစစ်တမ်း တွင် မေးမြန်းခံရသူ ၃၆ ရာခိုင်နှုန်း ခန့်ကမူ ရီပက်ဘလေကန်အမတ် မစ်ရွမ်နေက အိုဘားမား ကို ကျော် ဖြတ်ကာ ရွေးကောက်ပွဲ အနိုင်ရ မည်ဟု ထင်ကြောင်းဖြေခဲ့သည်။ ထို့ပြင် စစ်တမ်း၌ ဒီမိုကရက်တစ် ပါတီ ထောက်ခံသူ ၈၁ ရာခိုင်နှုန်း က နိုဝင်ဘာရွေးကောက်ပွဲတွင် အိုဘားမားနိုင် မည်ဟု ခန့်မှန်း ထားကြကာ ရီပက်ဘလေကန် ထောက်ခံသူ ၆၈ ရာခိုင်နှုန်းကသာ မစ်ရွမ်နေနိုင်မည်ဟု ခန့်မှန်းထား ခဲ့သည်။ စစ်တမ်းကို ထုတ်ပြန်ခဲ့သည့် ဂါးလပ်အဖွဲ့က အိုဘားမားသည် မကြာသေးမီကကောက်ယူခဲ့သည့် ရွေးကောက်ပွဲ စစ်တမ်းများအရ မစ်ရွမ်နေထက် ထောက်ခံမှု အ နည်းငယ် အသာရခဲ့သော်လည်း သမိုင်းအရ ဒုတိယအကြိမ် ရွေး ကောက်ပွဲများတွင် လက်ရှိသမ္မတ ကသာ အနိုင်ရလေ့ရှိသဖြင့် ထိုသို့ အိုဘားမားကို ပို၍ ခန့်မှန်းခဲ့ကြ ခြင်းဖြစ်နိုင်ကြောင်း ဆိုထားသည်။ မေ ၁၀ ရ က်မှ ၁ ၃ ရ က် အထိပြုလုပ်ခဲ့သော ယခုစစ်တမ်း တွင် အသက် ၁၈ နှစ်နှင့်အထက် အမေရိကန်လူမျိုး ၁çဝ၁၂ ဦးကို ဖုန်းဖြင့် အင်တာဗျူးပြုလုပ်ကာ မေးမြန်းခဲ့ခြင်း ဖြစ်သည်။ 
www.yoyarlay.com/index

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif