http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

24 Apr 2012

စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းလာသည် နှင့်အမျှ ရွှေဈေး ကျဆင်းမည် ဟုဆို


စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းလာသည် နှင့်အမျှ ရွှေဈေး ကျဆင်းမည် ဟုဆိုပြည်ထောင်စု၊ ဥရောပ ကုသမဂ္ဂ အပါအဝင် အနောက် နိုင်ငံ များ က မြန်မာ နိုင်ငံ အပေါ် ချမှတ် ထားသော စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်း လာသည် နှင့်အမျှ ပြည်တွင်း ရွှေဈေးနှုန်းများ ကျဆင်း လာမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်း အမေရိကန် အထွေထွေ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။
"နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေ ဝင်လာတာနဲ့အမျှ မြန်မာငွေတန်ဖိုး တက်ပြီးမာမယ်။ အဲလိုဆိုရင်တော့ ပြည်တွင်းရွှေဈေးက တောက် လျှောက်အကျဘက်ပဲ ရှိလိမ့်မယ်" ဟု ဦးဝင်းမြင့်က ရှင်းပြသည်။
လတ်တလော ရွှေဈေးကွက်တွင် ရွှေရောင်းလိုသူ များပြားပြီး ဝယ်ယူ စုဆောင်းမှု နည်းပါးကြောင်း ရွှေကုန်သည်များက ဆိုသည်။ "ရောင်းမယ့်သူ များတယ်။ ဝယ်တဲ့သူ ပါးတယ်။ ရောင်းသူ များတယ် ဆိုတာက ငွေဖော်ချင်တဲ့သူ များတာကို ပြတာ" ဟု လမ်းမ တော်မြို့နယ် ရွှေဆိုင်ပိုင်ရှင်တစ်ဦး က ဆိုသည်။
ရွှေဆိုင် အများစုတွင်လည်း အရောင်းအဝယ် အလွန်ပါးပြီး ရွှေဝယ်ယူသူ နည်းပါးသည်ဟု ရွှေဆိုင် များထံ ဆက်သွယ်မေးမြန်းချက် အရ သိရသည်။ အမေရိကန်ဒေါ်လာနှင့် မြန်မာ ငွေလဲလှယ်ဈေးကွက်တွင်မူ ဒေါ် လာတန်ဖိုး အနည်းငယ်ကျဆင်း လျက်ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာသည်နှင့်အမျှ ဒေါ် လာတန်ဖိုး ကျဆင်းနိုင်ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေ နှင့် ဒေါ်လာငွေလဲနှုန်းတည်ငြိမ်ရေး ဝင်ရောက်စွက်ဖက်ရန် လိုအပ် ကြောင်း ပြည်တွင်းစီးပွားရေးပညာ ရှင်အချို့က သုံးသပ်ပြောဆိုသည်။
"Investment တွေ ဝင်လာ ရင် မြန်မာငွေတန်ဖိုးက တက်နိုင် ခြေ ရှိတယ်။ အစိုးရအနေနဲ့၊ ဗဟိုဘဏ်အနေနဲ့ ငွေလဲနှုန်းကို လုပ် ငန်းရှင်တွေ လုပ်သာကိုင်သာရှိ အောင် ထိန်းပေးဖို့ လိုတယ်။ ဈေး ကွက်မှာ ဒေါ်လာရှားရင် ဗဟို ဘဏ်ကဒေါ်လာ ထုတ်ရောင်း၊ ဒေါ်လာတွေများနေရင် ဗဟိုဘဏ် ဈေးကွက်ထဲက ပြန်ဝယ်ဆိုတဲ့ပုံစံနဲ့ ငွေလဲနှုန်း ငြိမ်အောင် ထိန်းလို့ရပါ တယ်"ဟု ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန အကြံပေး၊ ရန်ကုနစီးပွားရေးတက္ကသိုလ် အငြိမ်စား ပါမောက္ခချုပ် ဦးမော်သန်းက သုံးသပ်ပြောဆိုသည်။
ဧပြီလ ၂၃ ရက်နေ့က သိမ် ဖြူ ငွေလဲစင်တာတွင် အမေရိကန် တစ်ဒေါ်လာနှင့် FEC တစ်ယူနစ် လျှင် ရောင်းဈေး ၈၁၄ ကျပ်၊ ဝယ် ဈေး ၈၂၈ ကျပ်ရှိကြောင်း ယင်း စင်တာထံမှ သိရှိရသည်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif