http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

12 May 2012

KIA ဌာ န ချုပ် ကို ထိုး စစ်မ ဆင် ဟု နိုင် ငံတော် သမ္မ တပြော ကြား

သမ္မတ ဦးသိန်းစိန်ကချင် လွတ်မြောက် ရေးတပ် မတော် KIA ဌာနချုပ် ဖြစ်သော လိုင်ဇာကို လုံးဝ ထိုးစစ် ဆင်မည် မဟုတ်ဟု နိုင်ငံတော် သမ္မတကြီး ကပြောကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအာင်မင်းက နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် ဧပြီ ၂၉ ရက် နေ့က ကျင်းပပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲ၌ ပြောကြားသည်။
ယင်းတွေ့ဆုံပွဲတွင်"KIA ဌာနချုပ်ရှိတဲ့ လိုင်ဇာကို သိမ်းဖို့မရှိပါဘူး။ ဒါ ကျွန်တော်ပြောတာ မဟုတ်ဘူး။ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် ကျွန်တော့်ကို ပြောထားတာ ပါ" ဟု ၎င်းကဆိုသည်။
နိုင်ငံတော်သမ္မတကြီးဘက်ကတစ်ဖက်သတ် အပစ်အခတ်ရပ်စဲထား ကြောင်း ၎င်းက ထပ်လောင်းပြောကြား သည်။
KIO ခေါင်းဆောင်များနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ တရုတ်ပြည့်သူသမ္မတနိုင်ငံ ရွှေလီမြို့ တွင် ငြိမ်းချမ်းရေးအတွက် ၁၃ ကြိမ် တိုင်တိုင်ဆွေးနွေးခဲ့ကြသော်လည်း အပစ် အခတ်ရပ်စဲထားနိုင်ခြင်းမရှိကြောင်း နှစ်ဖက်ခေါင်းဆောင်များ၏ ထုတ်ပြန်ချက် များအရ သိရှိရသည်။
KIO/KIA အဖွဲ့နှင့် မြန်မာအစိုးရ တပ်များသည် ၂၀၁၁ ခုနှစ် ဇွန်လတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ယနေ့ထိတိုင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း အစိုးရ ၏တရားဝင်ထုတ်ပြန်ချက်များအရ သိရ သည်။
KIO/KIA အဖွဲ့နှင့် အစိုးရတပ် များအကြား ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပေါ်လျက်ရှိပြီး ဧပြီလ ၂၉ ရက်နေ့ နံနက်၁ နာရီတွင် မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပေါ်တွင် ကချင်လွတ်လပ် ရေးတပ်မတော် (KIA) က ထောင်ထား သော ဗုံးပေါက်ကွဲမှုကြောင့် ရထား တိမ်းမှောက်ခဲ့ရပြီး လူစီးတွဲရှစ်တွဲပျက်စီး ကာ ခရီးသည်နှစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန နှင့် ဒေသခံအာဏာပိုင်တို့က သတင်း ထုတ်ပြန်သည်။
KIA တပ်ဖွဲ့ဝင်များသည် ဧပြီလ ၂၈ ရက်နေ့တွင် ကချင်ပြည်နယ် ဝိုင်းမော် မြို့နယ် ဆဒုံးမြို့နယ်ခွဲ၌ မြို့နယ်အုပ်ချုပ် ရေးရုံးကိုဝင်စီးခဲ့ပြီး မြို့နယ်အုပ်ချုပ် ရေးမှူးအပါအဝင် ဝန်ထမ်းလေးဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံများနှင့် အာဏာပိုင်အချို့ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် ဂျပန်နိုင်ငံအနေဖြင့် ပါဝင်ကူညီရန် မျှော်လင့်ကြောင်း မြန်မာအစိုးရတပ်များ နှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွား လျက်ရှိသော KIO အထွေထွေ အတွင်းရေးမှူး မရန်လဂျာ၏ ပြော ကြားချက်ကို ကိုးကား၍ ဂျပန်သတင်း စာ The Asahi Shimbun တွင် ဖော်ပြ ပါရှိသည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွား လျက်ရှိသော ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၊ ကချင်လွတ်မြောက်ရေး တပ်မတော် KIA နှင့် မြန်မာအစိုးရတပ်တို့ကြား ဖြစ်ပွားလျက်ရှိသောပဋိပက္ခများကို ဂျပန်နိုင်ငံအနေဖြင့် ဝင်ရောက်ဖြေရှင်း ပေးရန်မျှော်လင့်ကြောင်း အဆိုပါ ဂျပန် သတင်းစာတွင်ဖော်ပြထားသည်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif