http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

1 May 2012

NLD ဆုံးဖြတ်ချက် ၈၈ ကျောင်းသားများ ကြိုဆို


NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ်တွေ မကြာခင်မှာ ကျမ်းသစ္စာကျိန်ပြီး လွှတ်တော်တက်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကိစ္စကို ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့က ကြိုဆိုလိုက်ပါတယ်။
Photo courtesy of 88 Generation Student website
၂၀၁၂ ခုနှစ် မတ်လ ၂၃ ရက်တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဦးစီးပြီး ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမှုကွန်ယက် ဖွဲ့စည်းသည့် အခမ်းအနား၌ ကိုမင်းကိုနိုင် စကားပြောနေစဉ်။
ပွင့်လင်းလူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်ရေးအတွက် ရှမ်းပြည်နယ်ကို ရောက်ရှိနေတုန်း ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်တာပါ။
NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုလို ဆုံးဖြတ်ချက်ဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်မှာ အပြန်အလှန် လိုက်လျောမှုကို ဖော်ပြလိုက်သလို NLD ကို မဲထည့်ခဲ့ကြတဲ့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ စိုးရိမ်မှုကိုလည်း ဖြေရှင်းပေးရာ ရောက်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။
ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက်ပိုင်း လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ကျမ်းကျိန်လွှာပါ စာသားထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ စာသားအစား လေးစား လိုက်နာပါမည် ဆိုတဲ့စာသားကို ပြင်ဆင်ပေးဖို့ NLD ပါတီက တောင်းဆိုရာက ဧပြီလ(၂၃) ရက်နေ့က လွှတ်တော်ကို မတက်ရောက်နိုင်ပဲ ဖြစ်ခဲ့ရတာပါ။ 
www.rfa.org/burmese/news

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif