http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

18 May 2012

Twitter က တိုက် ခိုက် ခံ ရ သည့် Account ပြဿ နာ ဖြေရှင်းနိုင် ဟု ဆို

Twitter က တိုက်ခိုက်ခံရသည့် Account ပြဿနာ ဖြေရှင်းနိုင်ဟုဆိုTwitter က ၄င်း၏ တိုက်ခိုက် ခံရသည့် account ၅၅,ဝ၀ဝ ကို ဖယ်ရှား ပစ်ခဲ့ကြောင်း အစီရင်ခံ တင်ပြခဲ့သည်။ ဟက်ကာ အုပ်စု ဖြစ်သည့် Anonymous သည် Twitter account ၅၅,ဝ၀ဝ နှင့် ပတ်သက်သည့် အသေးစိတ် သတင်း အချက်အလက် များကို ချိတ်ဆက် ရယူပြီး ထုတ်ပြန် ခဲ့သော်လည်း ၄င်းတင်ပြသည့် account အများစုသည် အတုများ ဖြစ်သည်ဟု ဆိုသည်။
၎င်းအုပ်စု တင်ပြသည့် သတင်းအချက်အလက်၊ username နှင့် password အများစုကို အတုများဖြစ်ကြောင်း Twitter က ကြေညာခဲ့သည်။ Postebin ၌ လွှင့်တင်ထား သည့် account စာရင်း၌ လောလော ဆယ်ဆိုင်းငံ့ထားသည့် span account အများအပြား၌ account အတု၂၀,ဝ၀ဝ ကျော်ရှိသည်ဟုဆိုသည်။ username နှင့် passwork အများ အပြား၏ ၄င်းတို့အချင်းချင်း ချိတ် ဆက်ပုံများကို ဖော်ပြနိုင်ခြင်း မရှိ ကြောင်း Twitter က ဆိုသည်။
စိုးရိမ် ပူပန်နေသည့် user များ၏ အဆိုပါ ကွန်ရက်၏ Help Centre သို့ တောင်းခံလာသည့် ၄င်းတို့၏ password ပြောင်းလဲရေးနှင့် လုံခြုံရျေး setting များ ပြန်လည် ကြည့်ရှု သုံးသပ်ရေး လုပ်ငန်းများအတွက် password reset ပြုလုပ်ပြီး account များကို ထုတ်ပေးခဲ့သည်။ Twitter နှင့် ဟက်ကာများ၏ အပြန်အလှန် တင်ပြချက် များကို အကဲခတ်များ က စောင့်ကြည့်သုံးသပ်နေဆဲ ဖြစ် သည်။ 
www.yoyarlay.com/science-tech/science-tech/internet/26143-twitter-account

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif