ရန်ကုန်၊ မေ ၂၄
လက်ရှိ တိုးတက်မှုရှိသည်ဟု ပြောနေသောကဏ္ဍများအား ဟုတ် မဟုတ် ပြည်သူကို မေးကြည့်ရန်လိုအပ်ပြီး ပြည်သူက မည်သို့ တိုးတက်စေလိုသည် ကိုပါ မေးမြန်းေ စလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယင်းကို ဒေါ်အောင်ဆန်းစု ကြည်က မေလ ၂၃ ရက် ညနေ ၅ နာရီကသာကေတမြို့နယ် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဆိုင်းဘုတ် တင်အခမ်းအနားတွင် တက်ေ ရာက် လာသော လူထုသို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။ ”အခုဆို အများစုက ကြားနေ ကြမှာပဲ။ နိုင်ငံခြားက မြန်မာနိုင်ငံ ကိုဝင်ပြီး ရင်းနှီးမြှုပ်နှံတော့မယ်။အခြေအနေတွေ က အင်မတန်မှ တိုးတက်လာတယ်ဆိုပြီးတော့။ ကျွန်မက ပြောချင်တယ်။ ပြည်သူ တွေပဲ သွားမေးပါဦး။ ဘာတွေ တိုး တက်နေတာလဲ။ ဘာတွေတိုးတက် နေတာလဲ လို့ မေးရုံတင်မကဘူး။ ဘာတွေတိုးတက်စေချင်လဲဆိုတာ ကိုလည်း ပြည်သူတွေကိုမေးပါလို့ ကျွန်မ ပြောချင်တယ်” ဟု ဒေါ် အောင်ဆန်းစုကြည်ကပြောကြားသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်က ပြည်သူ့အသံနားမထောင် ဘဲနှင့် ဒီမိုကရေစီတည်ဆောက်၍ မရနိုင်ကြောင်း၊ ပြည်သူ့အသံနား ထောင်မှသာ စစ်မှန်သော ဒီမိုကရေ စီစနစ်တစ်ခု တည်ဆောက်နိုင်မည် ဟု ယုံကြည်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။ ယင်းဆိုင်းဘုတ်တင်အခမ်း အနားသို့ တက်ရောက်လာသော လူထု ထဲတွင် သာကေတမြို့နယ် အတွင်းရှိ ကျူးကျော်အိမ်များ ဖျက် သိမ်းပေးရန် သတိပေးစာထုတ်ပြန် ခံခဲ့ရသော နေရာ၌နေထိုင်သူများ တက်ရောက်လာပြီး ၄င်းတို့ လိုအပ် ချက်များအား တိုင်တည်တောင်း ဆိုခဲ့သလို သာကေတ ၁ဝ တောင်၊ ၁၄ ရပ်ကွက်နေသူများကလည်း ¤င်းတို့ရပ်ကွက်အနီးရှိ ဆီအုန်းစက် ရုံအနံ့ဆိုးများထွက်ရှိ၍ ဆီအုန်းစက် ရုံအား ပြောင်းရွှေ့ပေးရန် တိုင်တည် တောင်းဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သာကေတရုံးခန်းဆိုင်းဘုတ်တင်ပွဲ သို့ အလာတွင် ၄င်းမြို့နယ်ရှိ အမေ့ အိမ်ပညာဒါနသို့ပါဝင်ရောက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဆိုင်း ဘုတ်တင်ပွဲတက်ရောက်လာသော လူထုပရိသတ်အား နာရီဝက်နီးပါး မိန့်ခွန်းပြောကြား ခဲ့ပြီး ပညာရေး၊ ကျန်းမာရေးများအပြင် လက်ရှိ ပြည် သူတို့၏ရပိုင်ခွင့်တို့အတွက် ငြိမ်းချမ်း စွာအရေးဆိုတောင်းဆိုကြရန် တိုက် တွန်းပြောကြားခဲ့သည်။
မိုးမြင့်မြတ်

popularmyanmar.com/mpaper/archives/43399
0 comments:
Post a Comment