လတ်တလော ထွက်ရှိထားတဲ့ “ပိုးဖလံ” ဇာတ်ကားဟာ မြန်မာဇာတ်လမ်းတွေထဲမှာ ပရိသတ်မြင်နေကျ ဇာတ်လမ်းပုံစံမျိုး မဟုတ်တဲ့ အတွက် ပရိသတ် တော်တော်များများ သဘောကျကြပါတယ်။ ဒါရိုက်တာ ဝင်းထွန်းထွန်းရိုက်ကူးပြီး လူမင်း၊ မယ်လိုဒီနဲ့ ပြေဇင်တို့က သရုပ်ဆောင်ထား ကြပါတယ်။ ဇာတ်ကားတွေ ထပ်မရိုက်တော့တဲ့ မယ်လိုဒီကို “ပိုးဖလံ” ဇာတ်ကားကိုကြည့်ပြီး ပရိသတ်တွေ က နှမြောနေကြတဲ့အပေါ် “ဒီကားထဲမှာ အကြော်သည် တစ်ယောက်ပေါ့။ အကြော် သည်ဆိုတာ အပြင်မှာ လည်း မြင်ဖူးနေတာ ပါပဲ။ ဇာတ်ကားထဲမှာ အကြော်သည် တစ်ယောက် ပုံစံဝတ်စားပြီး သရုပ်ဆောင် ထားတာပါ။ အဓိကကတော့ ဇာတ်လမ်းပါပဲ။ ဒီဇာတ်ကားထဲမှာ အသက်ကြီးကြီး ယောက်ျားနဲ့ လက်ထပ်တယ်။ လက်ထပ်ပြီး နောက်ထပ် ယောက်ျားတစ်ယောက် နောက်လိုက် သွားတယ်ဆိုတော့ ဒီဇာတ်ရုပ်မှာ အဖြေမပါပါဘူး။ အဖြည်ပါရင်လည်း မယ်လိုဒီအတွက် ဖြစ်သွားမယ်လေ။ ဇာတ်အတွက် မဟုတ်တော့ဘူး။ အဓိကက ဇာတ်ကားထဲမှာ မယ်လိုဒီဆို တာမရှိဘူး။ အဲဒီဇာတ်ရုပ်ပဲ ရှိတာ ဆိုတော့ အဖြေလည်း မလိုဘူး ထင်တယ်လေ။ ပညာပေး ဇာတ်လမ်းလို့ ပြောရင်ရမလားဆို တာကတော့ ခံယူတဲ့လူ အပေါ်မှာပဲမူတည် ပါတယ်။ ဒီ ဇာတ်ကားကို ကြည့်ပြီး ဆင်ခြင်လို့ ရသလို တချို့ကျတော့လည်း အပြုသဘော နဲ့ကြည့်တဲ့ လူတွေရှိသလို အပြစ်သဘောနဲ့ ကြည့်တဲ့လူရှိတယ်။ ဒီဇာတ်လမ်းအပေါ်မှာ ဇာတ်လမ်းနဲ့ ပီပြင်အောင် လုပ်နိုင် မလား ဆိုတာကိုကြည့်ပြီးပဲ မျိုးကရွေးချယ်တယ်။ ဒီကားကိုကြည့်ပြီး Facebook က သူငယ် ချင်းတွေကတော့ ကောင်းတယ်ပြန်ရိုက်ပါပေါ့။ မျိုးကတော့ ရုပ်ရှင်ရိုက်ဖို့ အစီအစဉ် မရှိပါဘူး” လို့ “ပိုးဖလံ” ဇာတ်ကားနဲ့ ပတ်သက်ပြီး ပြောပါတယ်။ တစ်ကိုယ်တော်အခွေကို ကြိုးစား လုပ်နေတယ်ဆိုတာကြားထားရ တဲ့အတွက် သီချင်းပိုင်းကို ဘယ်လိုအား ထုတ်နေသလဲဆိုတဲ့အပေါ်ကိုလည်း မယ်လိုဒီက “လောလောဆယ် မျိုးဘာမှ ဆက်မလုပ် ဖြစ်သေးဘူး။ Online ပေါ်က နေပဲ ပရိသတ်တွေ နားထောင်ဖို့တင်ပေးတယ်။ အခွေထုတ်ဖို့တော့ အစီအစဉ်မရှိ သေးဘူး။ ဘာလို့ လဲဆိုတော့ ဘယ်လိုမှပိုက်ဆံ ပြန်မရ နိုင်တဲ့အလုပ်ကို စဉ်းစား ဦးမှာ ပေါ့နော်။ အဲဒီ အတွက်ဝါသနာအရ သီချင်း ဆိုတယ်။ Facebook ပေါ်မှာ သူငယ်ချင်းတွေ နားထောင်ဖို့ တင်ပေး တယ်။ သူတို့က ကောင်း တယ်၊ မကောင်းဘူးပြန် ပြောတယ်။ လောလော ဆယ်တော့ ဒီလောက်နဲ့ပဲ မျိုးကျေနပ်တယ်” လို့ သီ ချင်းပိုင်းနဲ့ ပတ်သက်ပြီးတော့ ပွင့်ပွင့်လင်းလင်း ပြောပြပါ တယ်။
ဝဿန်
ဝဿန်
popularmyanmar.com/mpaper/archives/43614
0 comments:
Post a Comment