http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

14 Jun 2012

ယဉ်ေ ကျး မှု နဲ့ မ အပ် စပ် ရင် ပ ရိ သတ် မကြိုက် ဟု စိုးပြည့် သ ဇင် ဖွင့် ဟ

ခေတ်ရှေ့ပြေးသည့် အဝတ် အစားများ ဝတ်ပါက မြန်မာ့ ယဉ်ကျေးမှုနှင့် မအပ်စပ်၍
ပရိသတ်များ မနှစ်သက်မှာ စိုးရိမ်ကြောင်း စိုးပြည့်သဇင်က ပြောသည်။
”အရှေ့တိုင်း ယဉ်ကျေးမှုနဲ့နီးစပ်တဲ့ ဖက်ရှင် တွေကို ပိုလေ့လာဖြစ်တယ်။ ကိုရီးယားဖက်ရှင် တွေလည်း အရှေ့တိုင်း ယဉ်ကျေးမှုနဲ့ နီးစပ်တယ်လေ။ အရှေ့တိုင်း ယဉ်ကျေးမှု က မြန်မာပရိသတ်တွေနဲ့ လည်း အံကိုက်ဖြစ်နေရင် ပိုပြီး အဆင်ပြေတယ်။ တချို့ အနောက်တိုင်း ယဉ်ကျေးမှု အဝတ်အစားက မြန်မာပရိသတ် အတွက် တအားခေတ်ရှေ့ က ပြေး လွန်း သွားရင် မြန်မာ့ယဉ်ကျေးမှုနဲ့ မညီလို့ မကြိုက် မှာလည်း စိုးရိမ်တယ်” ဟု ၄င်းက ဆိုသည်။
အပြင်က ပရိသတ်များ၏ ဖက်ရှင်မှာ ပိုလန်းပြီး ၄င်းတို့အနေဖြင့် ဇာတ်ရုပ်နှင့်လိုက်ပြီး ဝတ်ရကြောင်း လည်း ၄င်းက ထပ်လောင်း ဆိုသည်။ ၄င်းအပြင်သူမအနေဖြင့် ‘ချစ်သူရွေးမယ်’ စီးရီး ဗီစီဒီအတွက် ကြိုးစားပြင်ဆင်နေကြောင်း လည်း သိရသည်။ ၄င်းအပြင် သရုပ်ဆောင်သည့် အခါမှာ စိုးရိမ် ကြောင်း၊ စိတ်ပျံ့လွင့်နေပါက Character မပီပြင်နိုင် ကြောင်း၊ သရုပ်ဆောင်များအနေဖြင့် အားလပ် သည့် အချိန်များတွင် တရားထိုင်ဖို့ လိုအပ် လာကြောင်း လည်းသူမပြောသည်။
”သရုပ်ဆောင်တဲ့အခါကျရင် လည်း စိတ်ကိုထိန်းချုပ်ထားရပါတယ်။ စိတ် ပျံ့လွင့် နေရင် မရဘူး။ အဲဒါကြောင့် တရားထိုင်ဖို့လည်း လိုအပ်လာတယ်။ စိတ်က တစ်ခုခုဆီကို ရောက်နေရင် အိုက်တင်က လျော့သွားပြီ။ ဥပမာ ငါဝတ်ထားတာ အဆင်မပြေဘူး ဆိုတာနဲ့ အိုက်တင်ပိုင်း လျော့သွားပြီ။ တကယ် သရုပ်ဆောင်ပြီဆိုတာနဲ့ အဲဒါတွေ အကုန်လုံး မေ့ထားရ တယ်။ ပတ်ဝန်းကျင်ကိုလည်း မေ့ထားရတယ်။ ကိုယ့်ဇာတ်ရုပ်မှာ ပါဝင်တဲ့ Character ကိုပဲ သရုပ် ဆောင်ရတယ်။ စိုးပြည့်တို့ဆိုရင် တစ်ခါတလေကျရင် စိတ်ဖိစီးမှုတွေ ရှိလာတယ်။ စိတ်နဲ့ အလုပ်လုပ် ရတဲ့အတွက် စိတ်ဖိစီးမှု များတယ်။ ဒီအလုပ်ကလည်း ကိုယ် ဝါသနာပါ တဲ့ အလုပ်ဆိုတော့ ဘယ် အလုပ် ကိုပဲ လုပ်ရလုပ်ရအဆင်ပြေတယ်” ဟု ဆိုသည်။ 
yoyarlay.com/entertainment/entertainment/art/27142-2012-06-14-10-59-43

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif