စက်မှုဇုန်များတွင် အလုပ်သမားများက အလုပ်ရှင် များအား တစ်နေ့လျှင်
အလုပ်ချိန် ၁၂ နာရီ သတ်မှတ်ပေးရန် တောင်းတောင်း ပန်ပန် ပြောဆို နေရခြင်းသည် အင်မတန်ကြေကွဲဖွယ် ကောင်းကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောသည်။
“အလုပ်ရုံ တစ်ခုက အလုပ်သ မားတွေရဲ့ တောင်းဆိုချက်ထဲမှာ ဘာပါသလဲဆိုတော့ မနက် ၇ နာရီ ကနေ ည ၇ နာရီ အထိအလုပ်ချိန် သတ်မှတ်ပေးဖို့ ဆိုတာကို အလုပ် သမားတွေဘက်က တောင်းဆို တယ်။ အင်မတန် ကြေကွဲဖို့ကောင်း ပါတယ်။ သူတို့တောင်း ဆိုနေကြ တာကိုကြည့်ရင် ဥပဒေတွေ အခွင့်အရေးတွေကို နားလည်လို့တောင်း ဆိုနေ ကြတာမဟုတ်ဘဲနဲ့ တစ်နေ့ အလုပ်ချိန် ၈ နာရီဆိုတာတောင်မှ တောင်းဆိုရမှန်းမသိဘဲနဲ့ တစ်နေ့ကို ၁၄ နာရီ ၁၅ နာရီလုပ်နေရာကနေ ပြီးတော့ တစ်နေ့ ၁၂ နာရီလောက် တော့ သတ်မှတ်ပေးပါလို့တောင်း ဆိုနေကြတယ်”ဟု ကိုကိုကြီးက ၄င်းတွေ့ကြုံခဲ့ရသော စက်ရုံလုပ် သားများအကြောင်း ပြောသည်။
ဇွန် ၃ ရက်နေ့က ပြည်ထောင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုပ်ငန်းရှင်နှင့် အလုပ် သမားသမဂ္ဂများပါဝင်သော ဆွေး နွေးပွဲတွင် အထက်ပါအကြောင်းအ ရာများ သိရှိစေရန် ပြောကြားခဲ့ပြီး ဖြစ်ကြောင်း ကိုကိုကြီးက ဆက် လက်ပြောသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများသမဂ္ဂဥက္ကဋ္ဌ ကိုကျော်ကိုကို က အလုပ်သမားမျာသည် အချိန် ပေါင်းမြောက်မြားစွာ အလုပ်ခွင်ထဲ မြှုပ်နှံထားသော်လည်း လုပ်ခလစာ မှာ မဖြစ်စလောက်သာရရှိကြောင်း၊ ယင်းကို ပြောင်းလဲအောင်မလုပ်နိုင် က မကြာမီ မလွှဲမရှောင်သာသော တိုက်ပွဲများဖြစ်ပေါ်လာနိုင်စရာရှိ ကြောင်း ပြောသည်။
“ဝန်ကြီးတွေနဲ့ တွေ့တဲ့အခါမှာ အားလုံးသိသာမြင်သာအောင်လုပ်ခ လစာရှင်းပေးတဲ့လက်သန်းတစ်ခြမ်း လောက်ရှိတဲ့ Payroll တွေ အတွဲ လိုက်တောင်ပြခဲ့တယ်။ ပညာတတ် အသိုင်းအဝိုင်းမှာပါတဲ့ သူတွေ တောင် မတွက်တတ်ပါဘူး။ သူတို့ တွက်ထားတဲ့လုပ်ခလစာကို အလုပ် သမားတွေလည်း နားမလည်ပါဘူး။ အလုပ်သမားတွေ နားမလည်တဲ့ ရှုပ်ရှုပ်ထွေးထွေး တွက်ချက်ထားတဲ့ လုပ်ခလစာတွက်ချက်ပုံကအစ ပြင် ဆင်သတ်မှတ်ပေးဖို့ ဆွေးနွေးခဲ့ပါ တယ်”ဟု၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်ကိုကိုကြီးကပြောသည်။
ထို့အပြင် ၄င်းက ပညာနှင့် ငွေကြေးကျောထောက်နောက်ခံရှိ သော လုပ်ငန်းရှင်များအနေဖြင့် ပညာအရည်အချင်း၊ ငွေကြေးနှင့် အာဏာပိုင်အဖွဲ့အစည်းအသိအကျွမ်း ကျောထောက်နောက်ခံမရှိ၍ အနိမ့် ဆုံးလုပ်ခလစာနှင့် အလုပ်လုပ်သူ လုပ်သားများအတွက် အကာအကွယ် ပေးရန်လိုအပ်ကြောင်း ကိုကိုကြီးက ထပ်လောင်းပြောကြားသည်။
www.yoyarlay.com/local-news/local-news/l-local-news/27306-2012-06-21-06-13-09






0 comments:
Post a Comment