လူမျိုးရေး အသွင်ဆောင်သော ဆူပူ အကြမ်းဖက် ပဋိပက္ခမှု များ ဖြစ်ပွား လျက်ရှိသော ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု၊ နေအိမ်များ မီးရှို့ခံရမှု တို့ကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာကြသော ဒုက္ခသည် တစ်သောင်းကျော်(၁၂၀၇၄ဦး)အထိ ရောက်ရှိလာပြီဖြစ်ကြောင်း ရခိုင် တိုင်းရင်းသား များတိုးတက်ရေးပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ၂ နာရီအထိ စာရင်းအရ မောင်တောမြို့နယ်တွင် ဒုက္ခသည် ၃၈၇၄ဦး၊ ဘူးသီးသောင်းမြို့နယ်တွင် ဒုက္ခသည် ၁၃၀၀ဦး၊ စစ်တွေမြို့တွင် ဒုက္ခသည် ၄၉၀၀ဦးနှင့် ရသေ့တောင်တွင် ဒုက္ခသည် ၂၀၀၀ဦး စုစုပေါင်း ၁၂၀၇၄ ဦးရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြသည်။
www.yoyarlay.com/local-news
0 comments:
Post a Comment