ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့၌ ကျင်းပ ခဲ့သော အရှေ့အာရှ ဆိုင်ရာ ကမ္ဘာ့ စီးပွားရေး ဖိုရမ်သို့ မတက်ရောက်ရန် မြန်မာနိုင်ငံ၏ သမ္မတ ဦးသိန်းစိန်၏ ဆုံးဖြတ်ချက်မှာ ထိုင်းနိုင်ငံ က ဒေါ်အောင်ဆန်းစုကြည်အား အစည်းအဝေး တက်ရောက်ရန် လက်ခံခဲ့ခြင်းနှင့် မသက်ဆိုင်ကြောင့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဆူရာပေါင်က ယမန်နေ့ က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အလည်အပတ် ခရီးစဉ် ပြီးဆုံးချိန်၌ ထိုင်းနိုင်ငံ ခြားရေး ၀န်ကြီးက မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တယ်လီဖုန်းဖြင့် စကားပြော ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ မတက်ရောက်ရန် သမ္မတ ဦးသိန်းစိန်၏ ဆုံးဖြတ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အလည်အပတ် ခရီးနှင့် မဆက် စပ်ကြောင်းနှင့် ဒေါ်အောင်ဆန်း စုကြည် အားလက်ခံရန် ထိုင်းနိုင်ငံက အတတ်နိုင်ဆုံး လုပ်ဆောင်ပေးခဲ့သည်ကို မြန်မာနိုင်ငံက နားလည် သဘောပေါက်ပါကြောင်း ဦးဝဏ္ဏမောင်လွင်ပြောကြားချက်ကို ကိုးကား၍ မစ္စတာ ဆူရာပေါင်က ပြောကြားပြီး ယင်းအတွက် နှစ်နိုင်ငံ ဆက်ဆံရေးကို မထိခိုက်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် လာရောက် လည်ပတ်မည့် အကြောင်းကို ထိုင်းနိုင်ငံက မြန်မာနိုင်ငံအား ကြိုတင် အသိပေးခဲ့ကြောင်းနှင့် မြန်မာနိုင်ငံကလည်း ကန့်ကွက်မှု မရှိခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာပေါင်က ဆက်လက်ရှင်းပြ ပြောကြားသည်။
www.yoyarlay.com/index.php/international/international-news/asia/26872-2012-06-06-09-24-09
0 comments:
Post a Comment