http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

6 Jun 2012

အ လုပ် သ မား များ ၏ ဘ ဝ နှစ်နှ စ် အ တွင်း ပြောင်း မည် ဟု ပြည်ေ ထာင် စု ဝန် ကြီး အာ မ ခံ


လာမည့် နှစ်နှစ် အတွင်း အလုပ်သမား များ၏ ဘဝ လုံးဝ ပြောင်းလဲ သွားစေ မည်ဟု အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် က ပြောသည်။ ဇွန်လ ၃ ရက်တွင် ချက်ထရီ ယမ်ဟိုတယ်၌ ပြုလုပ်သော မြန်မာ့ CMP လုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရေးနှင့် အနာဂတ် အလားအလာ များ ဆွေးနွေးပွဲအပြီးတွင် ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်အာမခံတယ်။ ဒီ ဥပဒေတွေက တစ်ချိန်တည်း တစ် ပြိုင်တည်း အသက်ဝင်လာမယ်ဆို ရင်အလုပ်သမားတွေရဲ့ခံစားခွင့် အခု ထက်ပိုပြီး သိသိသာသာ ပြောင်းလဲ လာရမယ်”ဟုဝန်ကြီးကပြောသည်။ လက်ရှိတွင် အလုပ်သမားဝန် ကြီးဌာနမှ ဥပဒေ နှစ်ခုကို ပြဋ္ဌာန်းခဲ့ ပြီး လွှတ်တော်တွင် ဆွေးနွေးဆဲ ဥပဒေ တစ်ခု၊ လွှတ်တော်တင်ရန် အသင့်ဖြစ်နေသော ဥပဒေ နှစ်ခု၊ အသစ်ရေးဆွဲမည့် ဥပဒေ နှစ်ခုရှိ ကြောင်း၊ ၄င်းတို့ကိုတစ်နှစ်ခွဲ အတွင်း ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ် ကြောင်း ဝန်ကြီးက ပြောသည်။
“မနှစ်က ဒီလိုအချိန်မျိုးမှာ မြန်မာနိုင်ငံမှာ အလုပ်သမားအဖွဲ့ အစည်းတွေ ပေါ်ဖို့ ဘယ်သူ မျှော် မှန်းခဲ့လဲ။ ခုဆို အလုပ်သမား အဖွဲ့ တွေဖွဲ့ခွင့်ရပြီ။ အလုပ်သမား အဖွဲ့ချုပ်တွေ မြန်မြန်ဖြစ်လာစေ ချင် တယ်။ ဥပဒေက မြန်မြန်ထွက်ပြီး အဖွဲ့အစည်းဖွဲ့တာ နောက်ကျရင် အခက်အခဲဖြစ်တယ်”ဟု ဝန်ကြီးက ပြောသည်။
မေလအတွင်း လုပ်ခလစာ နှင့် ပတ်သက်၍ လှိုင်သာယာရှိ စက်ရုံ ၅၀ ကျော်တွင် ဆန္ဒပြအရေး ဆိုမှုများ ဖြစ်ပွားခဲ့ပြီး အလုပ်သမား အဖွဲ့အစည်းများ ပေါ်ပေါက်ပါက ၄င်းတို့ကို ဥပဒေနှင့် အညီ ဖြေရှင်း ပေးနိုင်မည်ဟုသိရသည်။ လက်ရှိတွင် စက်မှုဇုန် အလုပ် သမားများသည် မလိုအပ်သော စည်းကမ်းများဖြင့် လုပ်ငန်းခွင်ကို ဖြတ်သန်းနေကြရပြီး အလုပ်သမား အခွင့်အရေးများလည်း ဆုံးရှုံးနေ ကြောင်း၊ ထို့အပြင် အလုပ် သမားများကို နိုင်လိုမင်းတက် နှိပ်စက်မှုများလည်းရှိကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ မမာမာဦးက ပြောသည်။ 
www.yoyarlay.com/index.php/local-news/local-news/l-local-news/26875-2012-06-06-09-46-03

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif