http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

15 Jun 2012

ရ ခိုင်ပြည် နယ် အခြေအနေနှင့် ပတ် သတ် ပြီး ဇွန် လ (၁၅)ရက်ေ န့ နောက် ဆုံး ရ သ တင်း များ




ညနေ ၄ နာရီ ၁၀ မိနစ်
၂၀၁၂ ခုနှစ် ဇွန်လ(၁၅)ရက်နေ့မှ စတင်၍ စစ်တွေမြို့နယ်အတွင်းရှိ ရပ်ကွက်(၄)ခုကို တားမြစ်ဧရိယာအဖြစ် သတ်မှတ်ထားပြီး လုံခြုံရေးတင်ကြပ်ရန် ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရှိရသည်။ တားမြစ်ထားသည့်ရပ်ကွက်(၄)ခုမှာ နာဇီရပ်ကွက်၊ စက်ရုံစုရပ်ကွက်၊ ကုန်တန်းရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်တို့ဖြစ်ကြောင်း သိရသည်။ အဆိုပါ တားမြစ်ထားသည့် ရပ်ကွက်(၄)ခုအတွင်းနေထိုင်သော လူမျိုးခြားများမှာပြင်ပသို့ ထွက်ခွာခြင်းမပေးကြောင်း၊ ထို့အတူပြင်ပမှရခိုင်လူမျိုးများကိုလည်း အတွင်းသို့ ၀င်ခွင့်မပြုကြောင်း သိရှိရသည်။ စစ်တွေမြို့နယ်အတွင်းရှိ နေအိမ်များကို မီးရှို့ရန်နှင့် ဆူပူအောင် ဆောင်ရွက်သူများနှင့် ကျူးလွန်သူဟု ယူဆသူများကို ဖမ်းဆီးစစ်ဆေးထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရှိ ကွပ်ကဲရေးရုံးမှ သိရှိရသည်။ ဇွန်လ(၁၃)ရက်နေ့ နံနက်ပိုင်းတွင် (၄)ဦး၊ ညပိုင်းတွင် ၂၉ ဦး၊ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် (၂)ဦး၊ ညပိုင်းတွင်(၁၄) ဦးတို့ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဖမ်းဆီးစစ်ဆေးနေသူများထဲမှ ၁၃ ဦးကို အာမခံပေးခဲ့ပြီး ကျန်လူများကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း စစ်တွေမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ဇွန်လ ၁၅ ရက်နေ့ မွန်လွဲ ၄ နာရီ ၁၈ မိနစ်တွင် သတင်းပေးပို့ပါသည်။
နံနက် ၁၀ နာရီ ၀၅ မိနစ်
ယနေ့(ဇွန်လ ၁၅ ရက်နေ့) နံနက်ပိုင်းတွင် မောင်တောမြို့ အခြေအနေသည် ငြိမ်သက်လျှက်ရှိနေပြီး ဈေးဆိုင်ခန်းများ ဖွင့်လှစ်မှုမရှိသေးကြောင်း၊ မိုးများသည်းထန်စွာ ရွာသွန်းလျှက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မောင်တောမြို့ကို လုံခြုံရေးယူထားကြောင်း သိရှိရပါသည်။ ဖားဝက်ချောင်း ကျေးရွာ ကယ်ဆယ်ရေးစခန်း၊ ၊ ငါးခူရ ကျေးရွာ ကယ်ဆယ်ရေးစခန်းနှင့် ကျီးကန်းပြင် ကယ်ဆယ်ရေးစခန်း တို့တွင် စားနပ်ရိက္ခာ အခက်အခဲဖြစ်ပေါ်နေသည့်အတွက် မောင်တောမြို့မှ ယနေ့ သွားရောက်ပေးပို့ရန် စီစဉ်ထားသော်လည်း မိုးများသည်းထန်စွာ ရွာသွန်းနေသောကြောင့် ယနေ့ နံနက်ပိုင်းအထိ ပေးပို့နိုင်ခြင်းမရှိသေးကြောင်း သိရှိရပါသည်။
နံနက် ၉ နာရီ ၄၅ မိနစ်
ယနေ့(ဇွန်လ ၁၅ ရက်နေ့) နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ဈေးဆိုင်ခန်းအချို့ ပြန်လည်ဖွင့်လှစ်လာပြီဖြစ်ကြောင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းလျှက်ရှိကြောင်း စစ်တွေမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်မှ သတင်းပေးပို့ပါသည်။
 www.weeklyeleven.com/index.php?

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif