
ကမ္ဘာပေါ်က လူ သန်းပေါင်း ၉၀၀ ကျော် အသုံးပြုနေတဲ့ ဖေ့စ်ဘုတ်က သုံးစွဲသူတွေ ပိုပြီး အလွယ် တကူဖြစ်စေဖို့ အပလီကေးရှင်း App Center ဆိုတဲ့တခုကိုလည်း တွဲဖက် အသုံးပြုနိုင်ပါပြီ လို့ ဆိုပါတယ်။
ဒီ အပလီကေးရှင်းကို လွန်ခဲ့တဲ့ မေလက စတင်စမ်းသပ် ထုတ်လွှင့်ခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာတော့ ဒါကို ပထမဆုံး အသုံးပြုနိုင်ရာက ပြီးရင်တော့ ဥရောပ တခွင် ကနေ ကမ္ဘာတ၀ှမ်း ဖေ့စ်ဘုတ်အဖွဲ့ဝင်များက သုံးစွဲ သွားနိုင်မှာဖြစ်ပြီး အထူးသဖြင့် ဂိမ်းတွေ၊ ဗွီဒီယိုတွေ အတွက် အထူး အသုံး တည့်မှာလည်းဖြစ်ပါတယ်။

ဒီ အပလီကေးရှင်းဟာ မိုဘိုင်းဖုန်းတွေ၊ Desktop ကွန်ပျူတာတွေမှာ အသုံးပြုနိုင်မှာပါ။ ဒီ တီထွင်မှုရဲ့ တိုးတက်အောင်မြင်မှုကလည်း အံ့မခန်းပါလို့ ဆိုထားပါတယ်။
blog.irrawaddy.org/2012/06/facebooks-social-app.html







app center ရဲ့ သုံးစွဲမှု ဇယား
0 comments:
Post a Comment