http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

12 Jul 2012

Google ရဲ့ ပြဿနာ

 

Goole က Apple အသုံးပြုသူ သန်းပေါင်းများစွာရဲ့ privacy settings ကျိုးပေါက်မှုတွေ ဖြစ်စေခဲ့တာကြောင့် အမေရိကန် ဒေါ်လာသန်းပေါင်း ၂၂.၅ သန်း လောက် အလျော်ပေးရကိန်းဆိုက်နေပါတယ်လို့ the Wall Street Journal မှာ လွန်ခဲ့တဲ့ တနင်္လာနေ့က ဖော်ပြထားပါတယ်။

ကုမ္ပဏီတခုတည်းအနေနဲ့ ဒီပမာဏမျိုး ၅ နာရီ တခါဒဏ်ငွေဆောင်ရကိန်းရှိနေတာဟာ အမေရိကန်ပြည်တောင်စု ကုန်သွယ်ရေးကော်မရှင် (FTC) ရဲ့ အကြီးမားဆုံး အပြစ်ပေးမှု ဖြစ်လာ ဖွယ်ရှိပါတယ်။

အခုအချိန်မှာတော့ Google နဲ့ FTC တိုဟာ ဒဏ်ငွေကိစ္စနဲ့ ပတ်သက်ပြီး အဆိုပြုထားတဲ့အပေါ်မှာ သဘောတူညီမှုတွေ ရထားကြတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် အပေးအယူကိစ္စကတော့ နောက်ဆုံး အဆင့် ဆုံးဖြတ်ချက် မချသေးပါဘူးတဲ့။ လူသိရှင်ကြား မထုတ်ပြန်ခင်မှာ အပြောင်းအလဲလည်း ဖြစ်နိုင်ချေ ရှိပါသတဲ့။

လွန်ခဲ့တဲ့ ဖေဖော်ဝါရီ လတုန်းက Apple နဲ့ Microsoft Privacy Setting တွေမှာ အထူး “cookies” တွေ သုံးခဲ့တာကြောင့် လုံခြုံရေး စနစ်တွေ ပျက်ဆီးပြီး ကြော်ငြာတွေ ပြစ်မှတ်ထားခံရတဲ့ သုံးစွဲသူ သန်းပေါင်း များစွာအတွက် အချက်အလက် ရှာ ဖွေရာမှာ အခက်အခဲတွေဖြစ်ပေါ်စေခဲ့တယ်လို Google ကိုစွပ်စွဲကြ ပါတယ်။

ဒီလိုတွေဖြစ်ပြီးတော့ Google က သူ့ Google အကောင့်ပိုင်ရှင်ကို မရည်ရွယ်ဘဲ ဘေးထွက် ဆိုးကျိုးတွေဖြစ် လာတဲ့ အခြေ အနေတွေကြောင့် သူတို့ရဲ့ “cookies” အသစ် အသုံးပြုတာကို ရပ်ဆိုင်းခဲ့ပါတယ်။ 
blog.irrawaddy.org/2012/07/google_11.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif