http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 Aug 2012

တိုက်ပွဲတွေကြားထဲရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်







ချန်ထားရစ်ပြီ ~
ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ သမ္မတ ဦးသိန်းစိန်က သူ့အစိုးရအဖွဲ့ထဲမှာ ရှေးရိုးစွဲသူတွေ၊ ခေတ်နောက်ပြန်ဆွဲသူတွေကို ချန်ထားခဲ့မယ်လို့ မေလထဲမှာ တကြိမ်၊ ဒီလလယ်ပိုင်းမှာ တကြိမ် ပြောဆိုခဲ့ပါတယ်။

သူ့အပြောကို ဒီရက်ပိုင်းအတွင်း ၀န်ကြီးတချို့ကို ရာထူးလျှော့ချ၊ အပြောင်းအရွှေ့လုပ်၊ တချို့ကို ဖြုတ်ပစ်တဲ့နည်းတွေနဲ့ လက်တွေ့ အကောင်အထည်ဖော်လိုက်ပါပြီ။

အမည်ပျက်စာရင်း ~
အရင်အစိုးရလက်ထက်ကတည်းက ပြုစုခဲ့တဲ့ Black List နာမည်ပျက်စာရင်းဝင် ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေကို ပြန်စိစစ်ပြီးနောက် သုံးပုံတပုံကို စာရင်းထဲက ထုတ်ပေးလိုက်ပါပြီ။

စာရင်းထဲက ဖျက်လိုက်တဲ့ အမည် နှစ်ထောင်ကျော်ကို သမ္မတရုံးအွန်လိုင်းမှာ မကြာခင် ဖော်ပြတော့မယ်လို့ သိရပါတယ်။

အခုလေးတင် တက်လာတဲ့ သမ္မတရုံးအွန်လိုင်း သတင်းထုတ်ပြန်ချက်တခုအရ ဆိုရင် ရခိုင်ဒေသပဋိပက္ခကြောင့် ထောင်ချခံရသူ ကုလသမဂ္ဂ၀န်ထမ်း ၃ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ပါပြီ တဲ့။

ထောင်ထဲမှာ ကျန်နေတဲ့ နိုင်ငံရေးသမားတွေကိုပါ လွှတ်ပေးတာမျိုး ပြုပြင်ပြောင်းလဲရေးတွေ ထပ်လုပ်လာမယ် ဆိုရင်တော့ အနောက်နိုင်ငံများရဲ့ အမည်ပျက်စာရင်းထဲရောက်နေတဲ့ ဦးသိန်းစိန်တို့ရဲ့နာမည်တွေ မျှော်လင့်ထားတာထက် မြန်မြန် အထုတ်ခံရဖွယ် ရှိပါတယ်။

ပြင်းထန်တဲ့တိုက်ပွဲ ~
နေပြည်တော်မှာ မကြာသေးခင်က အစပြုပြီး တိုက်ပွဲကြီးတခု ဖြစ်နေပါတယ်။ အခြေခံဥပဒေခုံရုံးနဲ့ ပြည်သူ့လွှတ်တော်တို့ ထိပ်တိုက်တွေ့နေခြင်းပါပဲ။ အဲဒီနှစ်ဘက်ကြား တတိုက်ပွဲထဲမှာ သမ္မတလည်း ကြားညှပ်နေပါတယ်။ နှစ်ဘက်စစ်အေးတိုက်ပွဲက ပြီးခဲ့တဲ့ ၁၀ ရက်ဝန်းကျင်က အစပြုပြီး ရင်ဆိုင်တိုက်ပွဲကြီးတွေအဖြစ် ပြောင်းလဲသွားပါတယ်။
ဟိုဘက်ဒီဘက် အပြန်အလှန် ထုနေတဲ့ လက်နက်ကြီး ကျည်ဆံတွေ သမ္မတကို ထိသွားနိုင်ပါတယ်။

အဲဒီ ခုံရုံးလွှတ်တော် ရက်ရှည်တိုက်ပွဲထက် ပိုပြီး ပြင်းထန်တာတွေလည်း နေပြည်တော်မှာ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

အဲဒီထဲမှာ ၀န်ကြီးတချို့ ရာထူးလျှော့ချခံရ၊ မနှစ်သက်တဲ့နေရာကို ပြောင်းရွှေ့ခံရ၊ အပြောင်းအရွေ့လုပ်ခံရ၊ လုံးဝ အနားပေးခံရတာတွေနဲ့ ပတ်သက်တဲ့ တိုက်ပွဲတွေပါပဲ။

ဒီလို ပြောင်းလဲမှုများ လာမယ် ဆိုတာ ဒီဝန်ကြီးတွေ ကြိုတင် ကြားသိထားကတည်းက နေပြည်တော်ရဲ့ နိုင်ငံရေးရာသီဥတု အဆိုးဘက်ကို ပြောင်းလဲခဲ့ပြီးပြီလို့ သိရပါတယ်။

အခုလို လက်တွေ့အကောင်အထည်ဖော်တဲ့ကာလမှာတော့ တိုက်ပွဲများဟာ အဆိုးဆုံးအခြေအနေကို ရောက်နေပြီလို့ သိရပါတယ်။

တိုက်ပွဲတွေထဲက သမ္မတ ဦးသိန်းစိန် ဘေးမသီရန်မခနိုင်ဖို့ဆိုတာ နေပြည်တော်မှာ သူ့ဘက်ကို ကူညီသူ၊ ရပ်တည်ပေးသူ ဘယ်လောက်များမလဲ ဆိုတာအပေါ် မူတည်ပါတယ်။ ဖြစ်လာနိုင်ချေရှိတဲ့ တိုက်ပွဲများအတွက် သူဘယ်လောက်အထိ ကြိုတင်ပြင်ဆင်ထားသလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်နေပါတယ်။ 
blog.irrawaddy.org/2012/08/blog-post_5701.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif