http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

24 Aug 2012

ငြိမ်းချမ်းရေးယဉ်ကျေးမှုကို ဘယ်လို တည်ဆောက်နေကြသလဲ

~






ပညာရေး သုတေသီ မောက္ခ ပညာရေး မဂ္ဂဇင်း အယ်ဒီတာ ဦးသိန်းနိုင်၊ ဓာတ်ပုံ- မောက္ခမဂ္ဂဇင်း


( ၈၈ ကျောင်းသား၊ ပညာရေးသုတေသီ၊ မောက္ခပညာရေးမဂ္ဂဇင်းအယ်ဒီတာ ဦးသိန်းနိုင် ပြည်ဝင်ခွင့်ဗီဇာ ရရှိ)

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကာလတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရကသ)၊ စည်းရုံးရေးမှူး တစ်ဦးဖြစ်ခဲ့သူ၊ မောက္ခပညာရေးမဂ္ဂဇင်း အယ်ဒီတာ ဆရာဦးသိန်းနိုင် ပြည်ဝင်ခွင့်ဗီဇာ ရရှိ ပြီဖြစ်ကြောင်း သတင်း ရရှိပါသည်။

လွန်ခဲ့သော ၂၄ နှစ်တာ ကာလ အတွေ့အကြုံအချို့ကို ယခုကဲ့သို့ ပြောခဲ့သည်။

“၁၉၈၈ အာဏာ သိမ်းပြီးတဲ့နောက် ၂ ရက်အတွင်းမှာ ရန်ကုန် တက္ကသိုလ်၊ မန္တလေးဆောင် သပိတ် စခန်း ကနေ ကျွန်တော် နယ်စပ် ဒေသတွေဆီ ထွက်ခွါလာခဲ့ပါတယ်။ အဲဒီနောက် ABSDF ကျောင်းသား တပ်မတော်၊ ဟွေစေတီ စခန်းကော်မီတီမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ အထူးသဖြင့်တော့ ပညာရေး တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။ ကရင်နီနယ်စပ်ဒေသမှာ စာသင်ကျောင်းတွေ တည်ထောင် ခဲ့ပြီး မကဒတ (ဗဟို) ပညာရေးဌာနမှာ သင်တန်းနည်းပြ တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့ပါတယ်။”

၆ နှစ်တာ ကြာမြင့်ပြီးနောက် ၁၉၉၅ ခုနှစ်တွင် သြစတြေးလျအစိုးရ AusAID ပညာတော်သင်ဆုကို ရရှိခဲ့၍ မဲလဘန်း မြို့ တက္ကသိုလ် များတွင် ပညာ ဆက်လက် သင်ကြားခွင့်ရရှိခဲ့သည်။ ပညာရေးဘွဲ့ကို Monash University တွင် တက် ရောက်သင်ကြားခဲ့ပြီး မဟာ ပညာရေးဘွဲ့ M.Ed ကို RMIT တက္ကသိုလ်တွင် ဆည်းပူးခဲ့ သည်။ မတူကွဲပြားခြင်းများနှင့် အသွေးအရောင်စုံ ယဉ်ကျေးမှု ပညာရေး diversity and multicultural education စာတမ်းကို ပြုစုခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်ဒေသ ဆရာအတတ်ပညာ သင်တန်းများ အတွက် ဘာသာပြန်ဆို၍ ပုံနှိပ်ထုတ်ဝေခဲ့သည်။ M.Ed သင်တန်း ကာလများအတွင်း သြစတြေးလျ
နိုင်ငံ ကောလိပ် ကျောင်းများတွင် ဆရာအဖြစ် ၂ နှစ်ကြာ တာဝန် ထမ်းဆောင် ခဲ့ သည်။

၂၀၀၃ ခုနှစ်တွင်၊ ထိုင်း-မြန်မာ နယ်စပ်ဒေသများသို့ ပြန်လာခဲ့ပြီး အမျိုးသားကျန်းမာရေးနှင့် ပညာရေးကော်မီတီ NHEC တွင် ပညာရေး ဆိုင်ရာ တာဝန်ခံအဖြစ် လည်းကောင်း၊ ဆရာအတတ်ပညာ သင်တန်းကျောင်းအုပ်နှင့် ပညာ ရေး သုတေသီ အဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် မောက္ခ ပညာရေး မဂ္ဂဇင်းကို တည်ထောင်ခဲ့ပြီး တာဝန်ခံအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။

၂၀၀၇ ခုနှစ်တွင် Open Universities Australia ၏ ဘွဲ့သင်တန်းတွင် ပညာရေးတာဝန်ခံအဖြစ် မြန်မာ ပညာတော်သင် ၂၅ ဦး အတွက် ရိုးရိုးဘွဲ့သင်တန်းနှင့် ဘွဲ့လွန်သင်တန်းများအတွက် တာဝန်ယူခဲ့သည်။

“ဒီလွန်ခဲ့သော ၂၄ နှစ်တာ ကာလမှာ အင်မတန် တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေကို ရရှိခဲ့တယ်။ မြန်မာပြည်နဲ့ ပတ်သက် ပြီး ကိုယ်တိုင် ပါဝင်ခဲ့ရတဲ့ အတွေ့အကြုံတွေပါ။ ပညာသင်ကြားခွင့် ရရှိခဲ့ပြီး တိုင်းရင်းသား နယ်မြေတွေမှာ၊ နယ်စပ်ဒေ သ တွေမှာ ပြန်လည် လုပ်ဆောင် ခွင့်ရရှိတဲ့ ပညာရေး အတွေ့အကြုံတွေဟာလည်း ကျွန်တော်ရဲ့ အသိအမြင်ကို ပို ကျယ် ပြန့်စေခဲ့တယ်။” အဝေးရောက် နှစ်ကာလများ အတွင်း သူ၏ ကိုယ်ပိုင် အတွေ့အကြုံများ ဖြစ်ပါသည်။

ပြည်တွင်းပြန်လည် ၀င်ရောက်ရသည့် အကြောင်းနှင့် ပတ်သက်၍ ယခုလို ရှင်းပြခဲ့သည်။

“ပြည်တွင်း ပညာရေးဖြစ်ထွန်းနေမှုကို လေ့လာချင်တယ်။ ကလေးသူငယ်များရဲ့ ပညာသင်ကြားခွင့်တွေ၊ ဆရာ၊ ဆရာ မ များ အခွင့်အရေး တွေနဲ့ ပညာရေး အရည် အသွေး တိုးတက်ကောင်းမွန်စေဖို့ ဘယ်လိုမျိုး ကူညီ ပူးပေါင်းဆောင် ရွက်နိုင်မလဲ ဆိုတာတွေကိုလည်း တိုင်ပင်ချင်တာပါ။ ပညာရေးလမ်းကြောင်းကနေ ဒီမိုကရေစီ လူ့အဖွဲ့အစည်းနဲ့ ငြိမ်း ချမ်းရေး ယဉ်ကျေးမှုကို ဘယ်လို တည်ဆောက်နေကြ သလဲ ဆိုတာကိုလည်း လေ့လာ ချင်တာပါ။ မောက္ခပညာရေး မဂ္ဂဇင်းကို တရားဝင် ထုတ်ဝေနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။”

ဦးသိန်းနိုင်နှင့်အတူ မောက္ခပညာရေးမဂ္ဂဇင်း၏ အတိုင်ပင်ခံ အယ်ဒီတာတစ်ဦးဖြစ်သူ ကဗျာဆရာနေနွယ် လည်း ပြည်တွင်းသို့ ပြည်လည် ၀င်ရောက်ရန် စီစဉ် ထားကြောင်း သိရပါသည်။

ဆရာဦးသိန်းနိုင်၏ ပြည်တွင်းခရီးစဉ်တွင် သြစတြေးလျ၊ Open Universities Australia ပညာတော်သင်ဆု ကိုလည်း ပြည်တွင်းမှ နေ၍ ဆည်းပူး လေ့လာနိုင်စေရန်လည်း ရည်ရွယ်ချက်များ ပါရှိကြောင်း သတင်း ရရှိပါသည်။

မောက္ခ မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။ 
blog.irrawaddy.org/2012/08/blog-post_7639.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif