http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

9 Sept 2012

သီပေါဟော်နန်း နဲ့ စော်ဘွား စ၀်ကြာဆိုင်






http://www.irrawaddy.org/wp-content/uploads/2012/09/Hispaw-Palace.jpg
ဧရာဝတီဆောင်းပါး တပုဒ်မှာ နာမည်ကျော် Twilight Over Burma စာအုပ်ထဲက သီပေါဟော်နန်း နဲ့ ဟော်နန်းသခင်အကြောင်း ရေးထားပါတယ်။

တချိန်က ဒီဟော်နန်းမှာ ငယ်ရွယ်တဲ့ စော်ဘွား စ၀်ကြာဆိုင် နေထိုင်ခဲ့တာပါ။

သူ အမေရိကန်ကို ပညာသင်သွားပြီးအပြန်မှာ သူ့ချစ်သူ သြစတြီးယားနိုင်ငံသူကို ရှမ်းပြည်ခေါ်ခဲ့ပါတယ်။ ရန်ကုန်ဆိပ်ကမ်းကို သင်္ဘောအကပ် သူတို့ကို ခမ်းခမ်းနားနား ကြိုဆိုချိန်မှာ စ၀်ကြာဆိုင် ပြောပြမှ ဇနီးသည်က သူ့ခင်ပွန်းဟာ ရှမ်းပြည် အုပ်ချုပ်ရေးပိုင်းက စော်ဘွားတဦးဖြစ်မှန်း သိရတာပါ တဲ့။

ဇနီးသည်က စဝ်နန်းသုစန္ဒီ ဆိုတဲ့ အမည်ကို ရလိုက်ပြီး သီပေါဟော်ရဲ့ မဟာဒေဝီ ဖြစ်သွားပါတယ်။

သီပေါစော်ဘွား စ၀်ကြာဆိုင်ဟာ ၁၉၆၂ ခုနှစ် ဦးနေ၀င်းတို့အာဏာသိမ်းချိန်မှာ အဖမ်းခံရသူပါ။ သူ့သတင်းက လုံးဝ ပျောက်သွားပါတယ်။ ဦးနေ၀င်းတို့ ကွပ်မျက်လိုက်သူတွေထဲမှာ သူလည်း တဦးအပါအ၀င် ဖြစ်သွားတယ် လို့ အများက ယူဆကြပါတယ်။ ဒီအချက်ကို ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာကလည်း အတည်ပြု သတင်းပေး ပါတယ် တဲ့။ စော်ဘွားကို ဖမ်းပြီး သိပ်မကြာခင် ဗထူးမြို့နားမှာ သတ်လိုက်ကြတယ်လို့ ဆိုပါတယ်။

မဟာဒေဝီကလည်း ဒီဖြစ်ရပ်တွေကို Twilight Over Burma စာအုပ်မှာ ရေးသားထားပါတယ်။

ဧရာဝတီဆောင်းပါးမှာတော့ ဆောင်းပါးရှင်က မကြာသေးခင်အတောအတွင်း သီပေါမြို့ကို ရောက်ရှိစဉ် စ၀်ကြာဆိုင်ရဲ့ ဟော်နန်းကို သွားရောက်ခဲ့ပုံနဲ့ အစပျိုးပြီး ဟော်နန်းရဲ့ အနေအထားတချို့ကို မိတ်ဆက်ပေး ပါတယ်။
ပြီးတော့ ပြုပြင်ပြောင်းလဲရေး လိုလား သူ ပညာတတ်စော်ဘွားငယ်နဲ့ သူ့ဇနီးတို့ ရင်ဆိုင်ကြုံတွေ့ရတာတွေ ကို ပြန်ပြောင်းပြောပြထားပါတယ်။

အပြည့်အစုံကို http://www.irrawaddy.org/?slide=hispaw-haw-abode-of-tragic-shan-prince မှာ ဖတ်နိုင်ပါတယ်။

blog.irrawaddy.org/2012/09/blog-post_7204.html


0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif