http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

3 Sept 2012

မန္တလေးမှာ ဦးသိန်းစိန်ကို အကြီးအကျယ်ထောက်ခံ






ဒီလိုဆန္ဒပြဖို့ အာဏာပိုင်တို့က ခွင့်ပြုခဲ့တဲ့ လူအရေအတွက်က တရာ ဖြစ်ပါတယ်။ သို့သော်လည်း ပုံတွေမှာ မြင်ရတဲ့အတိုင်း ၀ိုင်းဝန်းကူညီအားပေးသူ ပူးပေါင်းသူ အများအပြား ပါဝင်ကြတာကို တွေ့ရမှာပါ။


သမ္မတဦးသိန်းစိန်ရဲ့ ရခိုင်ဒေသအရေး ရပ်တည်ချက်ကို ဆန္ဒပြသူများက ထောက်ခံကြရုံမက "သမ္မတကြီးကို ထောက်ခံခြင်းဖြင့် အမိမြန်မာပြည်ကို ကာကွယ်ပါ" လို့ တိုက်တွန်းကြတာကိုလည်း တွေ့ရပါတယ်။

ရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်ပြီး သမ္မတဦးသိန်းစိန်က UNHCR နဲ့ နေပြည်တော်မှာ ဇူလိုင် ၁၁ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုခဲ့တာတွေကို ပြန်လည် ဖော်ပြလိုက်ပါတယ် -

သမိုင်းကြောင်းအရ ဘင်္ဂါလီများ ဝင်ရောက်လာသည်မှာ (၁၉၄၈) ခုနှစ်၊ လွတ်လပ်ရေးမရခင် အင်္ဂလိပ်နယ်ချဲ့များက လယ်ယာ လုပ်ကိုင်ရန် ခေါ်သွင်းလာခြင်းဖြစ်ကြောင်း၊

ထိုစဉ်က အလုပ်အကိုင် ကောင်းမွန်သဖြင့် မပြန်တော့ဘဲ အခြေချနေထိုင်သူများလည်းရှိကြောင်း၊

မိမိတို့ ဥပဒေအရ (၁၉၄၈) ခုနှစ်မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက် (Third Generation) မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ဟူသော ဥပဒေရှိကြောင်း၊

ရခိုင်ပြည်နယ်ကို လေ့လာကြည့်လျှင် (၁၉၄၈) ခုနှစ် မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ၊ နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျက်ရှိကြောင်း၊

နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း၊

ဤကိစ္စကို ကိုင်တွယ်ရန် အလေးအနက်ထား စဉ်းစားလျက်ရှိပါကြောင်း၊

မိမိတိုင်းရင်းသားများကို တာဝန်ယူမည် ဖြစ်ကြောင်း၊

တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊

နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊

UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊

တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်း၊

ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း။
blog.irrawaddy.org/2012/09/blog-post_8027.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif