http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

5 Sept 2012

ဒေါ်စောမြရာဇာလင်းရဲ့ ပြန်တော်ပြန်လာပြီး လှုပ်ရှားမှုတချို့



ရခိုင် ခေါင်းဆောင် ဒေါ်စောမြရာဇာလင်းနှင့် အစိုးရ ၀န်ကြီး ၂ ပါးဖြစ်တဲ့ ဦးခင်ရီနှင့် ဦးအောင်မင်း၊ ဓာတ်ပုံများ- ALP


ရခိုင် ခေါင်းဆောင် တဦးဖြစ်သူ ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ အဖွဲ့ဟာ ကျောက်တောမြို့မှာ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီရဲ့ ဆက်ဆံရေး ရုံးကို စက်တင်ဘာလ ၃ ရက်နေ့က ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဒေါ်စောမြရာဇာလင်းတို့ အဖွဲ့ဟာ စစ်တွေမြို့ရှိ ဒုက္ခသည် စခန်း အသီးသီးကို သွားရောက်ပြီး ထိုင်းနိုင်ငံရောက် အလုပ်သမားတွေက ALP ကို လှူဒန်းလိုက်တဲ့ ငွေကျပ် ၃၅ သိန်းကို စက်တင်ဘာလ ၁ ရက်နေ့က လွှဲပြောင်း
ပေးခဲ့ပါတယ်။


ဒေါ်စောမြရာဇာလင်းနဲ့အတူ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီက တာဝန်ရှိသူတွေ၊ ရခိုင်အမျိုးသမီး အစည်း အရုံးက တာဝန်ရှိသူတွေ ဟာ နိုင်ငံတော် အကူအညီနဲ့ ပြည်တော်ပြန်ခဲ့ရာ အစိုးရ တာဝန်ရှိသူများ နဲ့ တွေ့ဆုံမှု အပြီး ရန်ကုန်ကနေ စစ်တွေကို ယမန်နေ့ နေ့လယ် ပိုင်းက ပြန်လည်ရောက်လာတာဖြစ်ပြီး ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့လည်း တရင်းတနှီးတွေ့ဆုံခဲ့ပါတယ်။


ရခိုင်အမျိုးသမီးများ အစည်းအရုံးမှ ဘင်္ဂလားဒေခ်ျ နှင့် အမေရိက တို့မှာ ကောက်ခံရရှိထား သော ငွေကျပ် ၁၁ သိန်းခွဲကိုလည်း လှူဒန်းမှုလုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါ လှူဒါန်းပွဲကို ရခိုင် RDF ပါတီ ဥက္ကဌ ဦးဦးချစ်မောင် လည်း တက်ရောက်ပြီး ရခိုင်အမျိုးသမီး အစည်းအရုံးဌာနခွဲ စောမပုစိန် နှင့် ဌာနခွဲ တာဝန်ခံ စောစန္ဒာဌေး ( အသိန်း) တို့လည်း တက်ရောက်ကူညီပေးကြောင်း သိရပါတယ်။
blog.irrawaddy.org/2012/09/blog-post_3947.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif