http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

4 Sept 2012

ဒေါ်အောင်ဆန်းစုကြည် ထိုင်ပြီးကန့်ကွက်



ဓာတ်ပုံ-Popular Myanmar News Journal
ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဦးအောင်သိန်းလင်းတင်သွင်းတဲ့ အဆိုနဲ့ပတ်သက်ပြီး NLD ကိုယ်စား လှယ် တွေ၊ တပ်မတော် သား ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား ပါတီကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။

ဦးအောင်သိန်းလင်းက ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ စားကျက်မြေနဲ့ပတ်သက်တဲ့အဆိုကို တင်သွင်းရာ NLD ပါတီကိုယ်စားလှယ် တဦးက ကန့်ကွက်ခဲ့ပါတယ်။

"တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စားကျက်မြေများကို ဌာန ဆိုင်ရာ အမည်ဖောက်၍လည်းကောင်း၊ ကုမ္မဏီ အမည် ဖောက်၍ ခွဲဝေ ချထားပြီး တောင်သူလယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများ ကုမ္မဏီများ မှ သီးစားခ ရယူခြင်းများ ရှိနေပါသဖြင့် လယ်ယာမြေများကို အမှန်တကယ် လုပ်ကိုင်နေသူ များကိုသာ ဦးပိုင် အမည် ပေါက် သတ်မှတ်၍ လုပ်ကိုင်ခွင့် ချထားပေးသင့်ကြောင်း"
ဦးအောင်သိန်းလင်းက အဆိုတင်ခဲ့ခြင်းဖြစ်သည်။

ကန့်ကွက်မှု ပေါ်ပေါက်သဖြင့် ပြည်သူ့လွှတ်တော်က မဲခွဲ ဆုံးဖြတ်ခဲ့ရာ ဦးအောင်သိန်းလင်း၏ အဆိုကို ထောက်ခံသူက များသည့်အတွက် ပြည်သူ့လွှတ်တော် ဥက္ကဌက ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ပေးလိုက်ပါတယ်။

ကန့်ကွက်မှုမှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD ကိုယ်စားလှယ်တွေ၊ တပ်မတော်သား ကိုယ်စား လှယ်တွေနဲ့ တိုင်းရင်းသား ပါတီတချို့က ကိုယ်စားလှယ်တွေက ထိုင်လျှက်နေခြင်းဖြင့် ကန့်ကွက်ခဲ့ကြတာပါ။ မတ်တတ်ရပ် သူများ ဟာ အဆိုအား ထောက်ခံသူများ ဖြစ်ကြပါတယ်။

ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတက်ရောက်သူ ၃၅၂ ဦးတွင် အဆိုကိုထောက်ခံသူ ၁၇၇ ဦးဟာ တက် ရောက်လာသူတွေရဲ့ ပမာဏထက် ၃ ပုံ ၁ ပုံကျော်ရှိလို့ ဆက်လက်ဆွေးနွေးရန် လွှတ်တော် ဥက္ကဌက ဆုံးဖြတ်လိုက် ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဦးအောင်သိန်းလင်းရဲ့ အဆိုပြုချက်ရဲ့ နောက်ကွယ်မှာ ဘာတွေ ပါနေလို့ ဒေါ်အောင်ဆန်းစုကြည်တို့က ကန့်ကွက်ရသလဲ ဆိုတာ မကြာခင် သတင်းစာမျက်နှာတွေမှာ ရေးသားဖော်ပြလာကြဖွယ် ရှိပါတယ်။
blog.irrawaddy.org/2012/09/blog-post_1385.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif