http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

8 Sept 2012

အလုပ်သမား ၁ ထောင်ကျော် ရန်ကုန်မှာ အရေးဆို


ယနေ့ နံနက်ပိုင်းက တွေ့ရသော လှိုင်သာယာ စက်မှုဇုန် ၄ ရှိ SMK အထည်ချုပ်စက်ရုံမှ ဆန္ဒပြ အလုပ်သမားများ (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)


လှိုင်သာယာမြိုနယ်စက်မူ့ ဇုံ ၄ က SMK အထည်ချုပ်စက်ရုံ က အလုပ်သမား ၁ ထောင်ကျော်ဟာ ယနေ့ နံနက် ၉ နာရီက ငြိမ်းချမ်းစွာ ဆန္ဒပြနေခဲ့ကြပါတယ်။

သူတို့ အခု ရနေတဲ့ အခြေခံ လစာ ကျပ်ငွေ ၂ သောင်းက နေ ၃ သောင်း ကျပ်အထိ တိုးပေးဖို့ မရမ်းကုန်းမြို့ နယ် မှာ ရှိတဲ့ အလုပ်သမားရုံးကို လမ်းလျှောက်ချီတက်ခဲ့ကြတာပါ။

လမ်းမှာတော့ မရမ်းကုန်း မြို့နယ်ရဲမှူးက လူစုလူဝေးနဲ့ အခုလို ခွင့် ပြုချက်မတောင်းဘဲ လမ်းလျှောက် ဆန္ဒပြမှု ကို လူစုခွဲပြီး ရပ်တန့်ဖို့ တားမြစ်ခဲ့တယ်လို့ ဆိုပါတယ်။


နောက်ဆုံး ရရှိတဲ့ သတင်းတွေအရတော့ မရမ်းကုန်းမြို့နယ်က အလုပ်သမားရုံးမှာ အလုပ်သမား ခေါင်းဆောင်
တွေ နဲ့ အစိုးရရဲ့ အလုပ်သမား ရေးဆိုင်ရာ တာဝန်ရှိ သူတွေဆွေးနွေးနေကြ တယ် လို့ ဆိုပါတယ်။

သတင်းအပြည့်အစုံကို ဧရာဝတီမြန်မာပိုင်း အင်တာနက်စာမျက်နှာပေါ်က ခင်သြရဲ့ သတင်းကို ဤနေရာမှ သွားကြည့်နိုင်ပါတယ်။
blog.irrawaddy.org/2012/09/blog-post_4699.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif