http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

16 Feb 2013

တယ်ရိုဆက်ဆနာကို မြန်မာအသင်းတွေ ဆက်တိုက်ရှုံး



တယ်ရို ဆက်ဆနာနဲ့ မနက်ဖြန် မနက်ဖြန် ယှဉ်ရမယ့် ရန်ကုန်ယူနိုက်တက်အသင်း (ဓာတ်ပုံများ - ရန်ကုန်ယူနိုက်တက်)

ထိုင်းပရီးမီးယားလိတ်ရဲ့ ထိပ်သီး ကလပ် တယ်ရိုဆက်ဆနာ အသင်းနဲ့ မြန်မာနေရှင်နယ်လိတ်ရဲ့ ထိပ်သီးကလပ်တွေ ရန်ကုန်မြို့မှာ ခြေစမ်းပွဲတွေကစားခဲ့ရာ မြန်မာကလပ်အသင်းတွေ ဆက်တိုက်ရှုံးနိမ့်နေတာတွေ့ရပါတယ်။
တယ်ရိုဆက်ဆနာအသင်းဟာ ဒီလ ၁၂ ရက်နေ့က ရတနာပုံအသင်းနဲ့ ကစားခဲ့ရာမှာ ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့သလို ယမန်နေ့ ညနေက ကစားခဲ့သည့် ဧရာဝတီ အသင်းနဲ့ပွဲစဉ်မှာလည်း ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မြန်မာနေရှင်နယ်လိတ်ရဲ့ ထိပ်သီးကလပ်သုံးသင်းနဲ့ ကစားဖို့ သဘောတူညီချက်ရထားတဲ့ တယ်ရိုဆက်ဆနာ အသင်းဟာ မနက်ဖြန် ၁၆ ရက်နေ့မှာ မြန်မာနေရှင်နယ်လိတ်ရဲ့ လက်ရှိချန်ပီယံ ရက်ကုန်ယူနိုက်တက် အသင်းနဲ့ ထပ်မံခြေစမ်းဦးမှာဖြစ်ပြီး ပွဲစဉ်ရလာဒ်ကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

လက်ရှိတယ်ရိုဆက်ဆနာ အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ဧရာဝတီနဲ့ ရတနာပုံအသင်းတွေမှာတော့ နှစ်သင်းလုံးရဲ့ အားထားရတဲ့ ကစားသမားတွေအချို့ဟာ မြန်မာ့လက်ရွေးစင်အသင်းအတွက် ပို့ဆောင်ထားရတဲ့ အချိန်ဖြစ်နေတဲ့အတွက်လည်း အားနည်းချက်တွေရှိနေပါတယ်။

ရန်ကုန်မြို့က သုဝဏ္ဏ အားကစားကွင်းကြီးမှာ တယ်ရို ဆက်ဆနာနဲ့ မနက်ဖြန် မနက်ဖြန် ညနေ ၄ နာရီမှာ ယှဉ်ပြိုင် ကစားမယ့် ရန်ကုန်ယူနိုက်တက်အသင်းမှာလည်း အားထားရတဲ့ ကစားသမား ၇ ဦး ဟာ လက်ရွေးစင်အသင်းကို ပို့ဆောင်ထားရတဲ့ အတွက် လူစုံမှာမဟုတ်ပါဘူး။
ဒါပေမယ့် ထိုင်းကလပ်အသင်းကို အကောင်းဆုံး ဧည့်ခံ ကစားသွားနိုင်မယ်လို့ ယုံကြည်ကြောင်း ရန်ကုန်ယူနိုက်တက် အသင်း အုပ်ချုပ်သူ ဦးအောင်မြင့်မြတ် က အသင်း ဝဘ်ဆိုက်   မှာပြောဆိုထားတာကို တွေ့ရ ပါတယ်။

“အခု တယ်ရို ဆာဆနာ နဲ့ပွဲမှာ လက်ရွေးစင် တွေမပါလည်း ကျန်တဲ့ ကစားသမား တွေက အကောင်းဆုံး ကစား နိုင်မယ် လို့ ယုံကြည် ပါတယ်” လို့ ဦးအောင်မြင့်မြတ် က ပြောထားပါတယ်။
http://blog.irrawaddy.org/2013/02/blog-post_8599.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif