http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

25 Feb 2013

ရန်ကင်း မြို့မဈေးမှာ ဘာတွေ ဖြစ်နေလဲ



  
ရန်ကင်းမြို့မဈေးအား ဈေးသစ်မတည်ဆောက်မှု ဈေးသူ/သား ဆန္ဒခံယူပြီး ၇ လအကြာဖြစ်ရပ်အား သတင်းစာရှင်းလင်းပွဲတခုကို ဖေဖော်ဝါရီလ ၉ ရက်နေ့တုန်းက ကျင်းပခဲ့ပါတယ်။ 



ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ရန်ကင်းမြို့မဈေးအား ဈေးသစ်မ တည်ဆောက်မှု နှင့် ပတ်သက် ပြီး ဈေးသူ/သားများ ဆန္ဒသဘောထားခံယူရာ (၂၇.၅.၂ဝ၁၂) ရက်နေ့တွင် မတည်ဆောက်မှုဘက်မှ အနိုင် ရရှိပြီး ၇ လ အကြာ ဈေးများဌာန ခရိုင်မှူးနှင့် ဈေးတာဝန်ခံတို့ မူလကုမ္ပဏီနှင့် ပြန်လည် ဆက်သွယ် ပြီး ဈေး သာယာရေး မှ လူပုဂ္ဂိုလ် (၅) ဦး သွားရောက်ခဲ့သည်။ 

(၁၇.၁၂.၂ဝ၁၂) Sedona Hotel တွင် ကုမ္ပဏီမှ နေ့လည် ၁းဝဝ နာရီအချိန်တွင် ဆွေးနွေးပွဲစတင်ခဲ့ ရာ ဈေး တာဝန် ခံနှင့်အတူ ဈေးသာယာရေးမှ လူပုဂ္ဂိုလ် (၅) ဦး တက်ရောက်ခဲ့သည်။ 

ကုမ္ပဏီမှ M.D နှင့် အဖွဲ့ဝင်နှစ်ဦးပါရှိကြောင်းသိရသည်။ ထပ်မံတွေ့ဆုံမှုပြုလုပ်ခဲ့ရာ (၃၁.၁.၂ဝ၁၃) ကုမ္ပဏီ မှ M.D နှင့် အဖွဲ့၊ ဈေးတာဝန်ခံနှင့် ဈေးသာယာရေးမှ လူပုဂ္ဂိုလ် (၄) ဦး တက်ရောက်ခဲ့ပြီး ကုမ္ပဏီ M.D ပြောကြား သော ဈေးသစ်တည်ဆောက်မှုအချက်အလက်နှင့် လုပ်ငန်းစဉ်များ သဘောမကျစရာ များ တွေ့ရှိရ ၍ ဈေးသာယာရေးမှ လူပုဂ္ဂိုလ် (၃) ဦးမှ ဈေးသူဈေးသားအချို့ကို (၄၂) ရက်အကြာတွင် အသိပေးပြော ကြားခဲ့သည်။ 

ထပ်မံတွေ့လိုကြောင်း ကုမ္ပဏီမှ ပြောကြားရာ (၃၁.၁.၂ဝ၁၃) ရက်နေ့တွင် ဈေးတာဝန်ခံသည် မိမိအထက် က ညွှန်ကြား၍ ဈေးသာယာရေးကိုပြောကြားရာ ဈေးသာယာရေးမှ လူပုဂ္ဂိုလ် (၄) ဦး၊ ကုမ္ပဏီနှင့် ထပ်မံမ 
တွေ့ လိုကြောင်း ဈေးတာဝန်ခံကို ပြောကြားခဲ့ရာမှ တွေ့ဆုံမှုပျက်ခဲ့ရသည်။ 

ယခုလိုပြုမူဆောင်ရွက်သောလုပ်ရပ်များသည် (၂၇.၅.၂ဝ၁၂) ရက်နေ့ ဈေးသူ/သားများ၏ ဆန္ဒသဘော ထားခံယူထားမှုကို ခရိုင်မှူးနှင့် တာဝန်ရှိသူများ၊ ဈေးတာဝန်ခံနှင့် ဈေးသာယာရေးမှ လူပုဂ္ဂိုလ် (၁) ဦးတို့ သိရှိပါလျက် ဈေးသူ/သားများ ဆန္ဒခံယူထားမှုအပေါ်မှာ မရိုးသားရာရောက်သည့်အပြင် (၁၇.၁၂.၂ဝ၁၂) ရက် Sedona Hotel ၌ ဆွေးနွေးပွဲပြုလုပ်ခဲ့ခြင်းသည် ဈေးသူ/သားများကို အသိပေးပြောကြားခြင်းမရှိပဲ လုပ်ကိုင်ခဲ့ခြင်းကို ကြည့်ရှုခြင်းအားဖြင့် ခရိုင်မှူးနှင့် တာဝန်ရှိသူများ၊ ဈေးတာဝန်ခံနှင့် ဈေးသာယာရေးမှ လူပုဂ္ဂိုလ် (၁) ဦးတို့၏ လုပ်ရပ်မမှန်ကန်ကြောင်း ထင်ရှားလှသဖြင့် သက်ဆိုင်ရာနှင့် နိုင်ငံတော်အကြီးအကဲ များအား သိစေအပ်ပါသည်။ 

အဘယ်အကြောင်းကြောင့် အဆင့်မြင့်ဈေးတည်ဆောက်မှုကို မလိုလားရသောအကြောင်းမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဈေးများဌာနမှ လုပ်ကိုင်ခဲ့သော ဈေးအချို့ကြောင့် ဈေးသူ/သားများ ဒုက္ခရောက်နေရပါသည်။ 

၎င်းဈေးများကို ထောက်ရှုပြီး မြန်မာလူမျိုးများနှင့် မရှိမဖြစ် ယခုလို ရပ်ကွက်ဈေးများ လိုအပ်နေပါသည်။ အဆင့်မြင့်ဈေးများလိုအပ်သည်ထက် မြန်မာ့ဈေးလေးများ မပျောက်ပျက်ဖို့ကပို၍ အရေးကြီးပါသည်။ 

ကျွန်တော်များရန်ကင်းမြို့မဈေးကို လက်ရှိအတိုင်း အဆင့်မြင့်ပြုပြင်ပေးရန်နှင့် ခြံစည်းရိုး/ အမိုးအကာ၊ ရှေ့ မျက်နှာစာ၊ နောက်မျက်နှာစာတို့အား အများပြည်သူ ကြည့်ရှုရန် ကောင်းအောင် မွမ်းမံပြုပြင်ပေးစေလို ပါကြောင်း သက်ဆိုင်သော လူကြီးမင်းများအား ရိုသေလေးစားစွာဖြင့် မေတ္တာရပ်ခံ အပ်ပါသည်။ 

မှတ်ချက်။ ။ ရန်ကင်းမြို့မဈေးမတည်ဆောက်မှုနှင့် စပ်လျင်းပြီး သတင်းစာရှင်းလင်းပွဲကို (၉.၂.၂ဝ၁၃) နံနက် ၁၁းဝဝ နာရီ အချိန်တွင် ရန်ကင်းမြို့နယ် အမှတ်(၅)ရပ်ကွက်၊ ဓမ္မိကဓမ္မာရုံတွင် ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်း မဲဆန္ဒနယ်မြေ အမှတ် (၃) အမျိုးသားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ကိုယ်တိုင် တက်ရောက်ပြောကြားခဲ့ကြောင်း တင်ပြအပ်ပါသည်။ 

 လေးစားစွာဖြင့် ဈေးသူဈေးသားများ
 http://blog.irrawaddy.org/2013/02/blog-post_9483.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif