http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

6 Apr 2013

လက်ပံတောင်းမှာ ချီတက်ဆန္ဒပြ






လက်ပံတောင်း ဒေသခံတွေဟာ သူတို့ရဲ့လယ်ယာမြေတွေနဲ့ လက်ပံတောင်းတောင်ကြီးကို
တူးဖော်လုပ်ကိုင်နေတဲ့ ကြေးနီးစီမံကိန်းကြီး ဖျက်သိမ်းရေး၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းရေး၊ သပိတ်စခန်းတွေကို အကြမ်းဖက်ဖြိုခွင်းမှုကို ဖော်ထုတ်ပေးရေးနဲ့ ၎င်းတို့ ဘိုးဘွားပိုင်မြေတွေကို မရောင်းနိုင်တဲ့
အကြောင်းတွေကို ဒီကနေ့ ထုတ်ဖော်ဆန္ဒပြကြပါတယ်။

စီမံကိန်းအတွက် မြေသိမ်းခံထားရတဲ့ လက်ပံတောင်း ဒေသခံ ဇီးတော၊ ကျောက်ဖြူတိုင်၊ ဖောင်းကတာ၊ မိုးကြိုးပြင်၊ တုံရွာနဲ့ လယ်တီရွာက တောင်သူ ၁၀၀ ကျော်က တိုင်းအာဏာပိုင်များထံက ခွင့်ပြုချက်ရရှိထားတဲ့ ဒီဆန္ဒပြခွင့်ကို မွန်းလွဲ ၂ နာရီကနေ ညနေ ၄ နာရီအထိ တုံရွာကနေ
ညောင်ပင်ကြီးအထိ ၎င်းတို့ တောင်းဆိုချက် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ လမ်းလျှောက် ဆန္ဒပြခဲ့ကြခြင်းဖြစ်ပါတယ်။

ဒေသခံတွေက သဘာဝအတိုင်း ရှိလာခဲ့တဲ့ လက်ပံတောင်း တောင်ကြီးကို အဆုံးရှုံး မခံနိုင်သကဲ့သို့ ၎င်းတို့ရဲ့ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာခဲ့တဲ့ လယ်ယာမြေတွေကိုလည်း အဆုံးရှုံးမခံလိုက်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ အတွက် စီမံကိန်းလုပ်ငန်းသာ လည်ပတ်နိုင်ပြီး သူ့တို့ပိုင်ဆိုင်တဲ့ ယာခင်းတွေထဲကိုတော့ ကာယကံရှင် တောင်သူတွေကိုယ်တိုင် ဝင်ရောက်
လုပ်ကိုင်ဖို့ ခက်နေတယ်လို့လည်း ဆိုပါတယ်။

လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ အာဏာပိုင် အဖွဲ့များကိုလည်း ဖော်ထုတ်အရေးယူပေးဖို့ ဆန္ဒပြအဖွဲ့များက တောင်းဆိုကြပါတယ်။

အာဏာပိုင်များဖက်ကလည်း လုံခြုံရေး လိုက်ယူပေးခဲ့သလို အရပ်ဝတ် နဲ့ အာဏာပိုင်များကလည်း မှတ်တမ်းများ လိုက်ယူခဲ့ ကြတယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲခွင့်ပြုချက်က ၂ ရက်ရရှိထားတာ ဖြစ်တဲ့အတွက် မနက်ဖြန်တွင်လည်း နေ့လည် ၂ နာရီမှ ညနေ ၄ နာရီထိ ယနေ့ပြုလုပ်ခဲ့တဲ့ လမ်းကြောင်းအတိုင်း ထပ်မံ ပြုလုပ်ဦးမယ်လို့သိရပါတယ်။

ဇီးတော၊ ကျောက်ဖြူတိုင်၊ ဖောင်းကတာ၊ မိုးကြိုးပြင်၊ တုံရွာ၊ အလယ်ရွာနဲ့ လယ်တီရွာများတွင်လည်း ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က စတင်ပြီး လယ်ယာမြေ ကာကွယ်ရေး လှုပ်ရှားမှုအဖြစ် ၎င်းတို့ လယ်ယာမြေတွေကို စီမံကိန်းမြေအဖြစ် မရောင်းနိုင်ကြောင်း ဆိုင်းဘုတ် စိုက်ထူပွဲများ၊ စုပေါင်း လက်မှတ်ရေးထိုးခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ကျန်ရှိနေသေးသော ဒေသခံ ကျေးရွာများတွင်လည်း ဆက်လက် လုပ်ကိုင်ရန် ရှိကြောင်း ဆန္ဒပြသူတွေက ဧရာဝတီကိုပြောပါတယ်။ 
http://blog.irrawaddy.org/2013/04/blog-post_5822.html#more

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif