http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

6 Apr 2013

မိတ္ထီလာပြဿနာ အင်ဒိုနီးရှားမှာလည်း မွှေ





အင်ဒိုနီးရှားနိုင်ငံက လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းတခုမှာ မြန်မာနဲ့ မွတ်စလင်များ ဒီနေ့ အချင်းများ တိုက်ခိုက်ကြရာကနေ ၈ ဦးသေပြီး ၁၅ ဦး ဒဏ်ရာရတယ်လို့ AP သတင်းဌာနက ဆိုပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံ ဆုမတြား မြောက်ပိုင်း ခရိုင်မှာရှိတဲ့ အဲဒီ ထိမ်းသိမ်းရေး စခန်းမှာ အင်ဒိုနီးရှား ကမ်းခြေကို လှေနဲ့ ခိုးဝင်တဲ့ မွတ်စလင် ၁၀၀ နဲ့ ငါးခိုးဖမ်းမှုကြောင့် အဖမ်းခံရတဲ့ မြန်မာ ၁၁ ဦးကို အတူတူ ချုပ်ထားခဲ့ကြောင်း နယ်မြေခံရဲချုပ် Enfro Kiswanto က ပြောပါတယ်။

ရဲချုပ်က မျက်မြင်သက်သေတွေကို ကိုးကားပြောဆိုတာကတော့ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာဝင် ငါးဖမ်းသမားတွေဟာ မြန်မာပြည်မှာ ဖြစ်နေတဲ့ ဘာသာရေး၊ လူမှုရေး အဓိကရုဏ်း ကိစ္စတွေကနေ စပြီး အချင်းများကြတာ ဖြစ်ကြောင်း၊ တုတ်ဆွဲ ဓားဆွဲ တိုက်ခိုက်ခဲ့ကြတာဖြစ်ကြောင်း ဆိုပါတယ်။

မြန်မာ ၈ ယောက်သေပြီး မွတ်စလင် ၁၅ ယောက် ဒဏ်ရာရပါတယ်။ တခြား မြန်မာ ၃ ဦးကတော့ အထိအခိုက်မရှိ လွတ်သွားတယ်လို့ ရဲချုပ်က ပြောပါတယ်။

သေဆုံးသွားသူတွေကို ခရိုင်မှာရှိတဲ့ မေဒင် ဆေးရုံမှာ ပို့ဆောင်ထားကြောင်း သိရပါတယ်။

“ဓားတွေ ဘယ်လိုရှိနေကြတယ်ဆိုတဲ့ ကိစ္စအပါအဝင်အဖြစ်အပျက်ကို စုံစမ်းတုန်းပါ။ သူတို့ကို လာရင်းနေရပ်ဆီ မြန်မြန် ပြန်ပို့ပါတော့မယ်” လို့ ရဲချုပ်က AP သတင်းဌာနကို ပြောထားတယ်။   
http://blog.irrawaddy.org/2013/04/blog-post_6271.html#more

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif