http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

22 May 2013

ဘုန်းတော်ကြီး အသတ်ခံရမှု ထောင်ဒဏ် အသီးသီးချမှတ်လိုက်

မိထ္တီလာတွင် ဘုန်းတော်ကြီး ဦးသောဘိတ အသတ်ခံရမှုအတွက် တရားရုံးတင် စစ်ဆေးခံနေရသော တရားခံ ၇ ဦးကို မိထ္တီလာခရိုင်တရားရုံးက ထောင်ဒဏ် ၂ နှစ်မှ ၂၈ နှစ်အထိ အသီးသီး ချမှတ်လိုက်တယ် လို့ သတင်းရပါတယ်။ 



အဆိုပါ ဘုန်းတော်ကြီး ဦးသောဘိတ သတ်ဖြတ်ခံရမှုဟာ မကြာသေးမီက မိတ္ထီလာမြို့က အစပြုကာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားဖို့ အဓိက မီး တစ ဖြစ်ခဲ့တာပါ။ 

အဆိုပါ ဘုန်းတော်ကြီး သတ်ဖြတ်ခံရမှုနဲ့ သံသယဖြစ်သူ အဆိုပါ ၇ ဦးကို အခုလို ပြစ်ဒဏ်တွေ ချလိုက်တာ နဲ့ပတ်သက်ပြီး ၄င်းတို့ရဲ့ ရှေ့နေ့ ဦးသိန်းသန်းဦးကတော့ ထောင်ကျသွားသူတွေရဲ့ မိသားစု ဆွေမျိုးတွေ အနေနဲ့ အသနားခံစာ တင်ဖို့တော့ အခွင့်အရေးရှိတယ်လို့ အေဖက်ပီ သတင်းဌာနကို ပြောခဲ့ပါတယ်။ 

မိတ္ထီလာ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် လူပေါင်း ၄၄ ဦး သေဆုံးတယ်လို့ အစိုးရက ထုတ်ပြန်တဲ့ စာရင်းက ဖော်ပြထားပါတယ်။ 

လွန်ခဲ့တဲ့ ဧပြီလတုန်းကလည်း မိတ္တီလာ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့တဲ့ ရွှေဆိုင်ပိုင်ရှင် ၃ ဦးကို ဆိုင် မှာ ရွှေလာရောင်းသူတွေကို စော်ကားမှု၊ ထိခိုက်နာကျင်စေမှုတွေနဲ့  ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ်ခဲ့ ပါသေးတယ်။   
http://blog.irrawaddy.org/2013/05/blog-post_9442.html#more

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif