http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

15 May 2013

ဧည့်စာရင်းမတိုင်တဲ့ ဘလူးစ်

မိုးသီးဇွန် ဆိုထားတဲ့ သီချင်းတပုဒ် ယူကျုမှာ ရောက်နေပါပြီ။

ယူကျုရဲ့ ထုံးစံအတိုင်း အင်တာနက်မြန်နှုန်းနိမ့်ရင် ကြည့်ရတာ အဆင်မပြေပါဘူး။
အပျော်တမ်းရိုက်ထားတဲ့ရုပ်သံဖြစ်တဲ့အတွက်လည်း ကြည့်ရတာ အဆင်မပြေပါဘူး)

ဘယ်သူ ရေးထားတဲ့သီချင်းမှန်း မသိရပါ။
စာသားတွေကတော့ လန်းပါတယ်။

ရုပ်သံနဲ့အတူ သူ့သီချင်းစာသားတွေကို ဖော်ပြပေးလိုက်ပါတယ်။


(ထပ်မံ ဖြည့်စွက်ချက် - သူကိုယ်တိုင်ရေးထားတဲ့သီချင်း ဖြစ်ပါတယ် တဲ့)

ဧည့်စာရင်းမတိုင်တဲ့ ဘလူးစ်

ငါမွေးခဲ့တဲ့ ငါ့နိုင်ငံကို ငါတပတ်လှည့်ကြည့်မယ်ဟေ့
ငါဘယ်နေ့  သွားမယ်။
ငါဘယ်သူနဲ့ တွေ့ မယ်။
ငါ ဘယ်သူ့ကိုမှ ပြောပြစရာမလိုဘူး

ငါ့အဖိုးသေတုန်းက ငါတို့ တရွာလုံး
အုန်းအုန်းကျွက်ကျွက်  ချက်အရက်တွေသောက်ပြီး မူးကြတယ်။
ဟေ ဟေ ဟေ ငါတို့ ဘယ်သူမှ ဧည့်စာရင်း မတိုင်ကြဘူး။
ဟေ ဟေဟေ ။

ငါစိုက်ခဲ့တဲ့ ငါ့ရဲ့ လယ်ကို ငါရိတ်သိမ်းရတော့မယ်ဟေ့
ငါဘယ်သူ့ကို … ရောင်းမယ်။
ငါဘယ်ဈေးနဲ့ …. ရောင်းမယ်
ငါဘယ်သူ့ကိုမှာ ပြောပြစရာမလိုဘူး။
ဟေဟေဟေ ။

ငါ့အစ်မ မင်္ဂလာဆောင်တုန်းက ငါတို့ တရွာလုံး
အုန်းအုန်းကျွက်ကျွက် ခဲဖိုးတောင်းလို့  ရန်ဖြစ်ကြတယ်။
ဟေ ဟေ ဟေ
ငါတို့ ဘယ်သူမှ ဧည့်စာရင်းမတိုင်ကြဘူး။
ဟေဟေဟေ။

 ငါ စပ်ခဲ့တဲ့ ငါ့ကဗျာတွေ ငါအသံထွက်ရွတ်ကြည့်မယ်ဟေ့
ဒါ ဘာအဓိပါယ်လဲ ။ ဒါ ဘာကိုဆိုလိုတာလဲ
ငါဘယ်သူ့ကိုမှ ပြောပြစရာမလိုဘူး။

ငါတို နှစ်ဦးသား ချိန်းတွေ့တုန်းက … ငါတို့ နှစ်ယောက်စလုံး
ဝုန်းဒိုင်းကျဲကြ..ချစ်အပြုံးတွေတောက်ပြီး နမ်း ကြတယ်။
ဟေဟေဟေ
ငါတို့ ဘယ်သူမှ ဧည်စာရင်းမတိုင်ဘူး။
ငါတို့ ဘယ်သူမှ ဧည့်စာရင်းမတိုင်ဘဲ ချစ်ခဲ့ကြတယ်။
ဒါဟာ ဧည့်စာရင်းမတိုင်တဲ့  ဘလူးစ် ….ဟေ ဟေဟေ။  




 http://www.youtube.com/watch?v=jqzC8jMKeDc&feature=player_embedded#action=share

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif