http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

24 May 2013

ဒေါက်တာ ဆိတ်ဖွားကို ဖော်ထုတ်နိုင်ပြီ

လွှတ်တော်ကနေ စုံစမ်းရေး ကော်မတီဖွဲ့ခဲ့ရပြီး လူအများ စိတ်ဝင်စားနေကြတဲ့ ဒေါက်တာ ဆိတ်ဖွား ဘယ်သူဆိုတာ ဖော်ထုတ်နိုင်ပါပြီ။ 

  ဒေါက်တာ ဆိတ်ဖွား ကလောင်နဲ့ ရေးသားခဲ့တဲ့ ဥပဒေ အထက်မှာ လွှတ်တော် ရှိနေသလား ဆိုတဲ့ ဆောင်းပါး


မကြာခင်မှာပဲ ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ အများသူငါ သိကြရပါတော့မယ်။


လွှတ်တော်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ ထိခိုက်စေသည့် ဝေဖန်မှုများ လုပ်ဆောင်ခဲ့တယ် ဆိုတဲ့ စွပ်စွဲခံထားခဲ့ရတဲ့ ဒေါက်တာ ဆိတ်ဖွားဆိုသူကို ဖော်ထုတ်နိုင်ပြီ ဖြစ်ပြီး စုံစမ်းမှု ရလဒ်ကို လာမယ့် လွှတ်တော်မှာ တင်ပြပါတော့မယ်။ 

ဒေါက်တာဆိတ်ဖွားကလည်း နောက်ဆုံးမှာတော့ သူ့ကိုယ်သူ ၀န်ခံသွားပါပြီဆိုတဲ့ သတင်းဖြစ်တာ  ကြားမိကြပါလိမ့်မယ်။

ဒေါက်တာ ဆိတ်ဖွား ဆိုသူဟာ “ဥပဒေရဲ့ အထက်မှာ လွှတ်တော် ရှိသလား” ခေါင်းစဉ်နဲ့ အွန်လိုင်း ဘလော့ဂ် စာမျက် နှာ တခုမှာ ရေးခဲ့လို့ ပြည်ထောင်စု လွှတ်တော်ကြီးကတော့ ဒေါက်တာဆိတ်ဖွား စုံစမ်းရေး ကော်မရှင် ဖွဲ့ခဲ့ရတာ မဟုတ်ပါလား။ 

ဒါကြောင့် စုံစမ်းရေး ကော်မရှင်က ဌာနဆိုင်ရာ အရာရှိတွေနဲ့ ပြည်တွင်းက မီဒီယာတချို့ကို ခေါ် ယူ
မေးမြန်းမှုတွေ လုပ် ခဲ့ပြီးမှာ အခုတော့ ဖော်ထုတ်နိုင်ပြီလို့ ဆိုလာတာပါ။ 

 စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက “စုံစမ်းမေးမြန်းမှု အကုန်ပြီးသွားပြီ၊ ဘယ်သူဘယ်ဝါ ဆိုတာကိုလည်း နာယကကြီးကို တင်ပြပြီးပြီဆိုတော့ ဇွန်လ ၂၅ ရက်နေ့မှ လွှတ်တော်တွေ ပြန် စ မယ် ဆိုတော့ အဲဒီအခါ ကျရင်တော့ ကျနော်တို့ ကော်မရှင် ဥက္ကဋ္ဌ ဦးမြငြိမ်းက ဖတ်ကြားနိုင်ပါတယ်။ ပြီးမှသာ ရှေ့ ဆက် အရေးယူ မယူဆိုတာကို သိရမှာပါ” ဟု ဧရာဝတီကို ပြောပါတယ်။ 

ဒီတော့ ဒေါက်တာ ဆိတ်ဖွားဆိုသူနဲ့ပတ်သက်တဲ့ သတင်းကိုတော့ ဧရာဝတီ မြန်မာပိုင်းက ခင်ဦးသာ
ရေးသား တင်ပြထားတဲ့ ဒေါက်တာ ဆိတ်ဖွား စုံစမ်းမှုရလဒ် လာမည့် လွှတ်တော်တွင် တင်ပြမည် ဆိုတဲ့ သတင်းမှာ အပြည့်အစုံ ဖတ် နိုင်ပါပြီ။ 
 http://blog.irrawaddy.org/2013/05/blog-post_5693.html#more

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif