http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

15 May 2013

၈၈ ခေါင်းဆောင် ၃ ဦး တောင်ကိုရီးယားကို သွားမယ်

၈၈-မျိုးဆက်  ကျောင်းသားများအဖွဲ့က ခေါင်းဆောင်တွေ ဖြစ်တဲ့  ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးနဲ့ ကိုဂျင်မီတို့ ဟာ တောင်ကိုရီးယားနိုင်ငံကို မကြာခင် သွားရောက်ဖို့ ရှိပါတယ်။ 



မနက်ဖြန်  မေလ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်တခုအဖြစ် တောင်ကိုရီးယားကို သွားမှာဖြစ်ပြီး ခရီးစဉ်အတွင်းမှာတော့ ဦးမင်းကိုနိုင် ဟာ တောင်ကိုရီးယားနိုင်ငံ The May 18 Memorial Foundation ရဲ့ ၂၀၀၉ ခုနှစ်အတွက် ချီးမြှင့်ခံရတဲ့ “ဂွမ်ဂျူးလူ့အခွင့်အရေးဆု” ကို ကိုယ်တိုင် လက်ခံယူမှာဖြစ်ပါတယ်။ 

ခရီးစဉ်အတွင်းမှာ တောင်ကိုရီးယားနိုင်ငံရဲ့ အစိုးရပိုင်းက တာဝန်ရှိသူတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ နဲ့  မြန်မာမိသားစုတွေနဲ့ တွေ့ဆုံသွားဖို့ ရှိပါတယ်။ 

ဒီခရီးစဉ်အပြီးမှာတော့ ဦးမင်းကိုနိုင်နဲ့ ဦးကိုကိုကြီးတို့ဟာ အမေရိကန်ပြည်ထောင်စုကို သွားရောက်မှာ ဖြစ် ပါတယ်။  

ခရီးစဉ်မတိုင်မီမှာတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးနဲ့ တရုတ်သံအမတ်ကြီးတို့က ၈၈ မျိုးဆက်ရဲ့ ရုံးခန်းကို လာရောက်တွေ့ဆုံခဲ့ပါသေးတယ်။ 

တရုတ်သံအမတ်ကြီးနဲ့တွေ့ဆုံတာနဲ့ပတ်သက်လို့ ၈၈ မျိုးဆက်က အခုလို သူတို့ ဖေ့စ်ဘုတ်မှာ ရေးထားပါ တယ်။ 

"ထိုတွေ့ဆုံမှုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီးတစ်ဦးအနေဖြင့် ၈၈ မျိုးဆက်တို့နှင့် ပထမဆုံး အကြိမ်တွေ့ဆုံမှုပင်ဖြစ်သည်။ ထိုသို့တွေ့ဆုံရာတွင် အစိုးရချင်း ဆက်ဆံရေးကောင်းမွန်မှု နည်းတူ၊ ပြည်သူချင်းဆက်ဆံရေး၏ အရေးပါမှုကိုလည်းကောင်း၊ နယ်နိမိတ်ချင်းထိစပ်မှုများသောကြောင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကိုလည်းကောင်း၊ အပြောင်းအလဲကာလတွင် နိုင်ငံသား တို့၏အခွင့်အရေးနှင့် လူမှုအဖွဲ့အစည်းဆိုင်ရာကဏ္ဍများ မြှင့်တင်ရေးတို့ကိုလည်းကောင်း အပြန်အလှန်
ဆွေးနွေးခဲ့ကြသည်" လို့ ဖော်ပြထားပါတယ်။    
http://blog.irrawaddy.org/2013/05/blog-post_2166.html#more

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif