http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

12 Jul 2013

လက်ထပ်ထိမ်းမြားခြင်း အပေါ် ဗုဒ္ဓဘာသာ အမြင်

  ဗုဒ္ဓဘာသာတွင် လက်ထပ် ထိမ်းမြားခြင်း ဆိုသည်မှာ လူတဦးတယောက်တည်းနှင့်သာ သက်ဆိုင်သော ကိစ္စရပ်ဖြစ်ပြီး ဘာသာရေးဆိုင်ရာ တာဝန်တရပ် မဟုတ်ပေ။ လက်ထပ်ခြင်းဆိုသည်မှာ လူမှုရေး သဘောတူညီချက် တခုဖြစ်သည်။ ဘ၀ကို ကောင်းမွန်ပျော်ရွှင်စွာ နေထိုင်ရေးအတွက် လူသားက ဖန်တီးသော အဖွဲ့အစည်းတခု ဖြစ်သည်။ လူသားမျိုးနွယ်ကို တိရိစ္ဆာန်ကဲ့သို့သော အနေအထားမှ စည်းခြားလိုက်ခြင်းဖြစ်ပြီး မျိုးဆက်ပြန့်ပွားခြင်းကို စနစ်တကျနှင့် လိုက်လျောညီထွေစွာ ဖြစ်စေရန်...

မြန်မာပြည်က ခေတ်သစ် အဇာတသတ်

မြန်မာနိုင်ငံမှာ ခေတ်သစ် အဇာတသတ် လို့ ပြောရမယ့် သတင်းတပုဒ်တွေ့လိုက်ရတယ်။ အဇာတသတ်ဆို တာ ဒေ၀ရတ် ကို ဆရာတင်မှားလို့ အဖ သတ်သားအဖြစ် မြန်မာနိုင်ငံက လူတော်တော်များများလည်း သိထားကြပြီဖြစ်ပါတယ်။  အခု ခေတ်သစ် အဇာတသတ်ကတော့ အရက်သေစာကို ဆရာတင်မှားမိလို့ ဖြစ်ရတယ်လို့ ပြောရမယ် ထင်ပါတယ်။ အဖြစ်က မန္တလေးတိုင်း ရမည်းသင်းမြို့နယ် ကုလားမျောရွာမှာ ဇူလိုင်လ ၈ ရက်နေ့က အရက်သေ စာ သောက်စား မူး ယစ်လာတဲ့ သားဖြစ်သူက ဖခင်ကို ဓားနဲ့ ခုတ်သတ်လိုက်တဲ့သ...

11 Jul 2013

ဗုဒ္ဓဂ ယာ ဗုံး ကွဲ မှုကြောင့် ရွှေ တိ ဂုံနှင့် မန္တလေး မဟာမြတ် မုနိ ဘု ရား လုံ ခြုံရေး တိုးမြှင့် ပြီ

မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကို တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ) ဗုဒ္ဓဘာသာဝင် တို့၏ အထွဋ်အမြတ်ထားရာ ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မူခဲ့သော အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတွင် ဇူလိုင်လ ၇ ရက်နေ့က ဗုံးပေါက်ကွဲခဲ့မှုကြောင့် ရန်ကုန်ရှိ ရွှေတိဂုံစေတီတော်နှင့် မန္တလေးမြို့ရှိ မဟာမြတ်မုနိ ဘုရားကြီးတို့တွင် လုံခြုံရေး အထူးတိုးမြှင့် ချထားလိုက်ကြောင်း သတင်းရရှိသည်။ ဗုဒ္ဓဂယာ ဗုံးခွဲ တိုက်ခိုက်ခံရမှုသည်  ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ထားရာ နေရာများကို...

ဗုဒ္ဓဂယာလုံခြုံရေးတိုးမြှင့်ရန်ဘန်ကောက်တွင်သံဃာတော်များဆန္ဒပြ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့၌ ယနေ့ နေ့လယ်ပိုင်းက အပြည်ပြည် ဆိုင်ရာ ရဟန်းတော်များ ဆန္ဒပြနေစဉ် (ဓာတ်ပုံ – MCU) သမိုင်းဝင်ကမ္ဘာ့ အမွေအနှစ် ဗုဒ္ဓဂယာ၌ လုံခြုံရေးတိုးမြှင့်ချထားပေးရန် မြန်မာရဟန်းတော်များနှင့် ထိုင်းရဟန်းတော်များ အပါအ၀င် နိုင်ငံစုံမှ သံဃာတော် အပါး ၂၀၀ ခန့် ယနေ့နေ့လယ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးနှင့် အိန္ဒိယ သံရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုကြသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့ နံနက်က ဗုဒ္ဓဘာသာဝင်များ...

မိတ္ထီလာတွင် ဗလီတချို့ ဘာသာရေးလအမီ ပြန်ဖွင့်ခွင့်ပြု

S မိတ္ထီလာမြို့တွင် မတ်လ ၂၂ ရက်နေ့က မီးလောင်နေသည့် မြင်ကွင်း (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ) မန္တလေးတိုင်း မိတ္ထီလာ အဓိကရုဏ်းကြောင့် ဖျက်ဆီးခံလိုက်ရသော ဗလီဝတ်ကျောင်းတချို့ကို အစ္စလမ်ဘာသာဝင်တို့၏ ဥပုသ်လအမီ ၀တ်ပြု ၀ါရှောင် ဆုတောင်းနိုင်ရန် ပြန်လည်ဖွင့်ပေးနေကြောင်း သိရသည်။ ယခု ဖွင့်ခွင့်ပေးလိုက်သော ဗလီ ၃ ခုသည် ချမ်းအေးရပ်ကွက် အတွင်းရှိ ဗလီ၊ မိတ္ထီလာမြို့ အ၀င် စစ်တပ်အနီးရှိ ဗလီနှင့် ရတနာမာန်အောင် ရပ်ကွက်အတွင်းရှိ ဗလီတို့ ဖြစ်ကြောင်း...

ဘယ်လိုများ ထပ်ကြမ်းချင်သေးသလဲ … ရိုတ

S ရိုတရဲ့ အဝေဖန်ခံနေရတဲ့ facebook ပေါ်က ဓာတ်ပုံနဲ့ အိုအေစစ် ဂျာနယ်ပေါ်က Sexy ပို့စ် ကဏ္ဍက ရိုတရဲ့ စာမျက်နှာ (ဓာတ်ပုံ – ရိုတ facebook နဲ့ အိုအေစစ် facebook၊ ခွင့်ပြုချက်များ တောင်းထားပြီး) မစပ်စုတို့ မြန်မာ Celebrity လောကက မိန်းကလေး အနုပညာရှင် တချို့ထဲကမှ သူတို့ရဲ့ ခန္ဓာကိုယ်အလှကို ပေါ်ပေါ်ထင်ထင် တမျိုး မပေါ်မထင်တမျိုး ၀တ်စားမှုနဲ့ အတူ ပရိသတ် သတိထားမိလာရာ ကနေ အောင်မြင်ကျော်ကြား လူကြိုက်များလာတဲ့ အနုပညာရှင် လေဒီတွေ ဒီဘက်ခေတ်မှာ...

10 Jul 2013

ဟိုင်းကြီးကျွန်းတံတားဆောက်၊ အိမ် ၃ဝဝ ကျော် ရေထဲရောက်

  ဧရာဝတီတိုင်း ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ ခမောက်မော်ကျေးရွာတွင်  အိမ်ခြေ ၃၀၀ ကျော် ရေနစ်မြုပ်သွားရခြင်းသည် ထိုဒေသတွင် တည်ဆောက်နေသည့် ဟိုင်းကြီးကျွန်းမြစ်ကူးတံတား စီမံကိန်းကြောင့် ဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။ တံတားစီမံကိန်းအနီး ရေဘေးဒုက္ခ ရင်ဆိုင်နေရသည့် ခမောက်မော်ကျေးရွာ   (ဓာတ်ပုံများ - ဆလိုင်းသန့်စင်/ဧရာဝတီ) ဒီရေအတက်အကျဖြင့် ရေစီးနေသည့်ချောင်း ၂ ခုကို ပိတ်ဆို့ပြီး  မြစ်ကူးတံတား...

မလေး ရှားပြန် အ လုပ် သ မားတွေ အ လုပ် ရရေး အစိုး ရ ကူ ညီပေးနေ

  မလေးရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်နေရင်း စိုးရိမ်ဖွယ် တိုက်ခိုက်ခံရမှုတွေကြောင့် မြန်မာနိုင်ငံ ကို ပြန်လည် ရောက်ရှိလာတဲ့ သူတွေအတွက် အလုပ်အကိုင်ရရှိရေး အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှု ဖူလုံရေး ၀န်ကြီးဌာန က ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။  ဇွန် ၁၉ ရက်ကနေ အခု ဇူလိုင် ၄ ရက်နေ့ထိ အလုပ်လျှောက်ထားလာတဲ့ ၂၃၇ ဦးထဲက ၂၁၇ ဦးကို အလုပ် ခန့်အပ်ပေး နိုင်ပြီလို့ ယနေ့ ထုတ် နိုင်ငံပိုင်သတင်းစာတွေက ဆိုပါတယ်။  အခုလည်း...

လူ့အခွင့်အရေး အချက် ၃ဝ ကို လူမြင်ကွင်း ပထမဆုံးပို့တဲ့မြို့

ပုသိမ်မြို့သည် တကမ္ဘာလုံးလိုက်နာရန်  ပြဋ္ဌာန်းထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို မြန်မာနိုင်ငံတွင် ပထမဆုံး စိုက်ထူသည့်မြို့ ဖြစ်လာသည်။ ဒေသခံ တက်ကြွလှုပ်ရှားသူတချို့က ပုသိမ်မြို့  လူစည်ကားသည့် နေရာတခုတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ဆိုင်းဘုတ်ကြီးတခုကို တနင်္လာနေ့တွင် စိုက်ထူလိုက်ကြသည်။ ဆိုင်းဘုတ်ထောင်ခွင့် ပြုရန် ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာန၊ တိုင်းဒေသကြီး လွှတ်တော်၊...

9 Jul 2013

ဒေါက်တာစင်သီယာမောင်ဆေးခန်း မြေနေရာတချို့ ရောင်းစားခံရ

ထိုင်းမြန်မာနယ်စပ်က ဒေါက်တာစင်သီယာမောင်ရဲ့ ဆေးခန်း အစိတ်အပိုင်းတချို့ နဲ့ စာသင်ကျောင်းရဲ့ မြေနေရာကို ပိုင်ရှင်အဖြစ်အမည်ခံထားတဲ့ ထိုင်းအဖွဲ့အစည်းတခုက ရောင်းစားလိုက်ပါတယ် တဲ့။ဆေးခန်း နေရာပြောင်းရွှေ့ရဖွယ် အခြေအနေနဲ့ ကြုံနေရတဲ့ အကြောင်း သတင်းထောက် ပြည်တော်မြင့်က ဒေသခံတချို့နဲ့ ဒေါက်တာစင်သီယာမောင်တို့ကို မေးမြန်းပြီး  အခုလို သတင်းပေးပို့ထားပါတယ်။ အလွှဲသုံးစားခြင်းခံရသည့်မြေနေရာနှင့် အဆောက်အအုံနေရာ (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)မဲဆောက်မြို့ရှိ ...

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif