"မိမိကျရာကဏ္ဍက ကိုယ်ကျိုးမဖက်ဘဲ သတ္တိရှိရှိ၊ တာဝန်သိသိနဲ့ အများပြည်သူအကျိုးအတွက် အနစ်နာခံ စွမ်းဆောင်ခဲ့ကြတဲ့၊ တာဝန်ကျေခဲ့တဲ့ ပုဂ္ဂိုလ်တွေ" ကို ဒီနှစ်က စပြီး ပေးတယ်၊ နောင်နှစ်တွေမှာလည်း ပေးသွားမယ် လို့ ဂျာနယ် Facebook http://www.facebook.com/7daynews မှာ ရေးသားထားပါတယ်။
ရန်ကုန်မြို့ ဓမ္မစေတီလမ်းနဲ့ လင့်လမ်းထောင့်မှာ နေတိုင်း ယာဉ်ကြောရှင်းလင်းအောင် ကြိုးပမ်းနေတဲ့၊ အမြဲတမ်း ပြုံးနေတဲ့ ကူညီတတ်ပေမယ့် ပိုက်ဆံမတောင်းတဲ့၊ ကားသမားတွေကို မရစ်တဲ့၊ လူထုကို အကောင်းဆုံးဝန်ဆောင်မှုပေးတဲ့ ယာဉ်ထိန်းရဲ ဒု-တပ်ကြပ် ခင်မောင်မြင့် 7Day News သူရဲကောင်းဆု ရပါတယ်။ အထက်ဖော်ပြဓာတ်ပုံမှာ တွေ့ရတဲ့အတိုင်း အင်္ကျီအဖြူနဲ့ ကိုခင်မောင်မြင့် ကိုယ်တိုင် ဆုတက်ယူပါတယ်။ ဆုချီးမြှင့်ပေးသူက ဦးတိုးနိုင်မန်း ဖြစ်ပါတယ်။

7Day News ဂျာနယ်က ၁၀ နှစ်ပြည့် အခမ်းအနားမှာ သူရဲကောင်းဆုတွေ ပေးအပ်ခဲ့ပါတယ်။ အခမ်းအနားကို မနေ့ညက ပြုလုပ်ခဲ့တယ်လို့ ယူဆရပါတယ်။

0 comments:
Post a Comment