မတ်လ ၁၄ ရက်နေ့မှစ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းတယ်လီဖုန်းများ၏ ကနဦးတပ်ဆင်ခများကို စတင်လျှော့ချပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ မိုဘိုင်းဖုန်းအမျိုးအစားများမှာ GSM နှင့် CDMA 450MHz မိုဘိုင်းဖုန်းများအား ကျပ် ၂ သိန်းသို့ လျှော့ချပေးမည် ဖြစ်ပြီး အဆိုပါ ၁၄ ရက်နေ့၌ပင် WCDMA နှင့် CDMA 800MHz မိုဘိုင်းဖုန်းများ၏ ကနဦးတပ်ဆင်ခများကို ကျပ်နှစ်သိန်းငါးသောင်းသို့ လျှော့ချပေးမည်ဟု သတင်းရရှိသည်။
ကျပ် နှစ်သိန်းငါးသောင်းတန် WCDMA ဖုန်းမှာ 3G ဖုန်းအမျိုးအစားဖြစ်သည်ဟု သိရှိရပါသည်။ Eleven media groupမှကူးယူတင်ပြသည်
ကျပ် နှစ်သိန်းငါးသောင်းတန် WCDMA ဖုန်းမှာ 3G ဖုန်းအမျိုးအစားဖြစ်သည်ဟု သိရှိရပါသည်။ Eleven media groupမှကူးယူတင်ပြသည်
0 comments:
Post a Comment