http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
7 Mar 2012
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် အတွက် ရုံးခန်း ဖွင့် လှစ်
မြန်မာ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း  ၏  ဘ၀ အတ္ထုပတ္တိကို ရုပ်ရှင် အဖြစ် ရိုက်
ကူးရန် အတွက် ရုပ်ရှင် ထုတ်လုပ်ရေး ရုံးခန်း ကို ရန်ကုန်မြို့  ကမာရွတ် မြို့ နယ် ဓမ္မစေတီ လမ်း
ဉ် ဗိုလ်ချုပ် အောင်ဆန်း ၏ မွေး နေ့  ဖြစ်သည့် ဖေဖော်ဝါရီလ ၁၃ ရက် နေ့  တွင် ဖွင့် လှစ်လိုက်
သည် ဟု သတင်း ရရှိ သည်။
အဆိုပါရှပ် ရှင် ထုတ် လုပ် ရေး ရုံးခန်း ကို ဗိုလ်ချုပ် အောင်ဆန်း ၏ သမီးဖြစ်သူ မြန်မာ့ ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင် တက် ရောက် ဖွင့်လှစ် ပေး ခဲ့ သည်။
ကား ဖြစ်မြောက်ရေး အတွက် ဆရာတော် ဦးဆန္ဒာဓိက ၊ ဇာတ်မင်းသား ဖိုးချစ် နှင့် အခြား သရုပ်
ဆောင် များ က လည်း ပါဝင် လှုဒါန်း မှု ပြုကြသည်။
ဗိုလ်ချုပ် အောင်ဆန်း၏ အသက် ၉၇ နှစ်မြောက် မွေးနေ့ တွင် နာရေး ကူညီမှု အသင်း တည်ထောင်သူ
သရုပ်ဆောင် နှင့် ဒါရိုက်တာ (ဦး) ကျော်သူ ၏ ဖခင် ဖြစ်သူ ဦးစိန် တင် မှ လည်း ၎င်း ပိုင် အမျိုးသား
ရုပ်ရှင် ထုတ်လုပ် ရေး လုပ်ငန်း ကို ဒေါ်အောင်ဆန်းစုကြည် ကို အပြီး အပိုင် လွှဲပြောင်း ပေး အပ် ခဲ့
သည်။
ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင် ထုတ်လုပ်ရေး ရုံးခန်း ဖွင့်ပွဲ သို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှာ ဦးတင်ဦး
၊ဦးဝင်းတင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်ကိုမင်းကိုနိုင် ၊ ကိုကိုကြီး တို့  အပါအ၀င် သရုပ်ဆောင်
များ စွာ တက်ရောက် ခဲ့ ကြသည်။        freedom newsမှကူးယူတင်ပြသည်                                                                                                                                    
0 comments:
Post a Comment
http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif