မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် က ဒုတိယ အကြိမ်မြောက် အနေ နဲ့  ဒီနေ့ လွှတ်တော် မှာ ပြော
ကြား တဲ့ မိန့် ခွန်းမှာ ပင်လုံ စိတ်ဓာတ် ကို အခြေခံပြီး ယုံကြည် မှု ကို တည်ဆောက် ရန် ၊ ရှေ့ ဆက်
မယ့် မြန်မာ နိုင်ငံ ရေး မှာ တည်ငြိမ် အေးချမ်းမှု နဲ့  တိုင်းရင်းသား အား လုံး ပါဝင် ဆောင် ရွက် လာ
နိုင်ရန် တို့  ဦးစား ပေး ကြောင်း ထည့် သွင်း ပြောဆို သွား ခဲ့ ပါတယ်။
စစ်တပ် က လွှမ်းမိုးထား တဲ့ အရပ်သား အစိုးရ ရဲ့  တစ်နှစ်တာကာ လ အတွင်း သမ္မတ က ပြည်သူ
ကို ပြောတဲ့ မိန့်  ခွန်းမှာ လက်နက် ကိုင် ခဲ့ တဲ့ တိုင်းရင်းသား လူငယ် တွေ လပ်တော့ပ် ပြောင်း ကိုင်
တာ ကို မြင် ချင် ကြောင်း ကိုလည်း အစိုးရ မူဝါဒ တစ်ခု အနေဲ့  သူက ပြောကြားခဲ့ ပါတယ်။
ပညာရေး နှင့် ကျန်းမာရေး ကဏ္ဍ ကို လည်း မြှင့် တင်ရန် ကြိုးစား ထား မှု များ ၊ ကချင် ပြည်နယ်
တိုက် ပွဲ များ တွင် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် ထိတွေ့ မှု များ ကို မိမိ ဘက် မှ စတင် မလုပ်
ဆောင် ရန် ညွှန်ကြား ထား မှု များ ရှိ ကြောင်း သူ က ပြောကြား ခဲ့ ပါတယ်။
အစိုးရ အနေဖြင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ မှု များ ကို ဆက်လက် လုပ်ဆောင် ရန် မည် ဖြစ်ကြောင်း
နောက် ပြန် မလှည့် ဖို့  နှင့် အစိုးရ ကို တည့်မတ် ပေး ဖို့  ဒီမို ကရက်တစ် အင်အား စုများ ၏ အကူအညီ
လို ကြောင်း လာဘ်စား မှု နှင့် မတရား မှု များ စသည့် အတိတ်က ဆိုးကျိုးများ ကို မိမိ တို့  လက် ထက်
တွင် အဆုံး သတ် ပေး ဖို့  ကြိုးစား ထားကြောင်း ကို လည်း ပြောဆို ခဲ့ ပါတယ်။
အစိုးရ အဖွဲ့  အတွင်း သဘောထား တင်းမာမှု ၊ သဘောထား ပျော့ ပြောင်းမှု စသည့် ဂိုဏ်းကွဲ မှု များ
ရှိသည် ဆို သည်ဆိုခြင်း ကို လည်း သူက ငြင်းဆို လိုက်ပြီး နိုင်ငံ ပြန်လည် တည်ဆောက်ရေး တွင်
ပါဝင်ကြရန် ပန်ကြား လိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန် ၏ မိန့် ခွန်း နှင့် ပတ်သက်ပြီး အများ ပြည်သူများ အကြား တွင် သဘောထား ကွဲ
လွဲ မှု နှင့် အမြင် အမျိုး ရှိနေကာ နိုင်ငံ ရေး အကျဉ်းသား ဟောင်း တစ်ဦး ဖြစ်သူ ကိုဇော်မျိုးဦး က
“ထောင်ထဲ မှာ နိုင်ငံရေး အကျဉ်းသား တွေ ရှိ နေဆဲ ဖြစ်တာ မို့  ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ ဖော်
ဆောင် နေတယ် ဆို တဲ့ စကား က တော့ ယုံကြည် ဖို့  မဖြစ် နိုင် သေး ပါ ဘူး လို့  သူ့  အမြင် ကို ပြော
ပါတယ်။
အခြား နိုင်ငံ ရေး အကျဉ်းသား ဟောင်း တစ်ဦး ဖြစ်တဲ့ ကို ကျော်ဆန်းက တော့ အစိုးရ အဖွဲ့  ခေါင်း
ဆောင် တစ်ဦး အနေနဲ့  ဒီလို နိုင်ငံ တော် အခြေပြ မိန့် ခွန်း ကို ပုံမှန် ပြောတာ က တော့ ကြို ဆို ရမှာ
ပါ။ အရေးကြီး တာက ဆင်းရဲသား လူတန်းစား က မြန်မာ ပြည်မှာ တော်တော် များ ပါတယ်။ ဒါကို
ပပျောက် အောင် အောက်ခြေ အာဏာပိုင် အဖွဲ့  တွေ မှာ လည်း ပိုပြီး တော့ ဒီမိုကရေစီ သဘောတရား
တွေ ကို လက်တွေ့ ကျင့် သုံးအောင် လုပ် ဖို့  လိုအပ် သေးတယ် လို့  ပြောပါတယ်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် နဲ့  အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
က BBC သတင်းဌာန နဲ့  အင်တာဗျုးရာ မှာ ” အပြောင်း အလဲ တွေ က နောက် ပြန် လှည့် နိုင် သေး
ကြောင့် အချို့  တွေ က တော့ အလွန် အကျွံ အကောင်း မြင် ကြောင်း ထုတ် ဖော် ပြော ဆို ခဲ့ ပါတယ်။ freedom newsမှကူးယူတင်ပြသည်
0 comments:
Post a Comment