ပြင်သစ် လက်ရွေးစင်နောက်ခံလူ မက်ဆက်က လာမည့်နွေရာသီ အပြောင်း အရွှေ့တွင် ကစားသမား အများစုမှာပြင်သစ်ကလပ် ပီအက်စ်ဂျီ သို့ပြောင်းရွှေ့ရန် စိတ်ဝင်စားနေကြပြီး ထိုအထဲတွင် မီလန် တိုက်စစ်မှူး အီဘရာဟီမိုဗစ်လည်း ပါဝင် နေသည်ဟု ပြောသွားခဲ့သည်။
ပီအက်စ်ဂျီအသင်းမှာ ယခုရာသီမစမီ ကာတာပိုင်ရှင်များက ပိုင်ဆိုင် ခဲ့ပြီးနောက် အသင်းကိုငွေကြေးသုံး ပြီးပြုပြင်ပြောင်းလဲရန် ကြိုးစား လျက်ရှိသည်။
လက်ရှိမီလန်နည်းပြ ဟောင်း လီယိုနာဒိုနှင့် အန် ဆယ်လော့တီ တို့ နှစ်ဦးစ လုံးမှာလည်း အဆိုပါအသင်းတွင်ရှိနေပြီး လာမည့်ရာသီတွင် ချန်ပီယံလိဂ် ဝင်ခွင့် ရရန် လည်း သေချာသလောက်ရှိနေရာ ပီအက်စ် ဂျီအသင်းသို့ သွားရောက်ကစားရန် ကစား သမားအများစုက စိတ်ဝင် စားနေကြခြင်းဖြစ် သည်။
မီလန်နောက်ခံလူ မက်ဆက်က "ပီအက်စ်ဂျီအသင်းဟာ ကမ္ဘာ့အဆင့် အသင်း တစ်သင်းအဖြစ် ပြောင်းလဲမှုတွေ ပြုလုပ်နေ ပါပြီ၊ ဒါကြောင့် အဲဒီ အသင်းကို သွားကစား ဖို့စိတ်ဝင်စားနေတဲ့ ကစားသမားတွေ အများ ကြီးပါပဲ၊ ဒီအထဲမှာ နာမည်ကြီးကစားသမား တွေလည်း အများကြီး ပါပါတယ်၊ ကျွန်တော် တို့အသင်းက တိုက်စစ်မှူးမိုဗစ်ဆိုရင် သူမီလန်က ထွက်ခွာတဲ့တစ်နေ့မှာ ပီအက်စ်ဂျီအသင်း ကိုပြောင်းဖြစ်ဖို့ နှစ်ကြိမ်တောင် စဉ်းစားမိတယ် ဆိုပြီး ကျွန်တော့်ကို ပြောခဲ့ပါတယ်၊ ကျွန် တော်ကတော့ ကျွန်တော့်အနာဂတ်နဲ့ပတ်သက် ပြီး ဘာမှ မပြောချင်ပါဘူး"ဟု ပြောခဲ့သည်။ http://www.yoyarlay.com/sport/sport/football
0 comments:
Post a Comment