လာမည့် ဘဏ္ဍာနှစ်အတွင်း သစ်တောထွက် ပစ္စည်းများဖြစ်သည့် ကျွန်းနှင့်သစ်မာကို ကုဗတန် နှစ်သန်းကျော် ထုတ်ယူသွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာနမှ သိရှိရသည်။
သစ်တောကဏ္ဍ၏ ၂၀၁၂-၁၃ ခုနှစ် အမျိုးသားစီမံကိန်းတွင် အသားတင် ထုတ်လုပ်မှုတန်ဖိုး ရည်မှန်းချက် မှာ ကျပ် ၁၅၈၉၆၂ သန်းရရှိရန်ဖြစ် ပြီး သစ်တောထွက်ပစ္စည်းများဖြစ် သည့် ကျွန်း ၂၃၂၉၈၆ ကုဗတန်နှင့် သစ်မာ ၂၂၆၃၂၅၈ ကုဗတန်ထုတ် လုပ်ရန်ရည်မှန်းထားကြောင်းသိရသည်။
မြန်မာနိုင်ငံ၏အဓိကသစ်တော ထွက်ပစ္စည်းများမှာ ကျွန်း၊သစ်မာ၊ ထင်း၊ မီးသွေး၊ ၀ါး၊ ကြိမ်၊ ရှားစေး၊ သစ်ခေါက်၊ လျှော်၊ ကရမက်၊ အင် တွဲ-ပွဲလျက်၊ သနပ်ခါး၊ ဖာလာစေ့၊ ကညင်ဆီ၊ ဓနိ-သက်ကယ်၊ တည်၊ ပျားရည်၊ ပျားဖယောင်း၊လင်းနို့ချေး၊ သစ်ခွ၊ သစ်စေး၊ ဘုမ္မရာဇာ၊ ငှက် သိုက်၊ ချိပ်၊ သင်ပေါင်းသားအစရှိ သည်တို့ဖြစ်ကြောင်းသိရသည်။
အဖိုးတန်သစ်တောထွက်ပစ္စည်း ဖြစ်သည့်ကျွန်းသစ်ကို ရေရှည်ပုံမှန် ထုတ်လုပ်နိုင်ရေး၊ ပြည်ပနိုင်ငံများ သို့ အလုံးလိုက် ကုန်ကြမ်းအဖြစ် တင်ပို့ခြင်းမှ ထပ်ဆင့်တိုးတန်ဖိုးရ သည့် သစ်တောထွက်ပစ္စည်းများအ ဖြစ်ပြုပြင်တင်ပို့နိုင်ရန်ဆောင်ရွက် နေကြောင်းသိရသည်။ http://www.weeklyeleven.com/

0 comments:
Post a Comment