http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

14 Mar 2012

ဒီနှစ် သင်္ကြန်လည်း အိမ်မှာပဲ တရားထိုင် ဖြစ်ဦးမယ် နေတိုး

 နေတိုးက “ကလိန်နံ ရာဇာသတော” ဇာတ်ကားကို ရိုက်ကူးနေပါတယ်။ နေတိုးက ဒီ ဇာတ်ကားကို ဝယ်ထားတာ ကြာပြီဖြစ်ပြီး ခုမှ ရိုက်ဖြစ်တာ ဖြစ်ပါတယ်။ ဇာတ် လမ်း တွေ ဝယ်စုတတ်တဲ့ နေတိုးက အခုဆိုရင် ဇာတ်လမ်း ၁ဝ ပုဒ်လောက် ဝယ်စုထားပြီး ဖြစ်ပါတယ်။ ဘယ်လို ဇာတ်တွေကို အဓိက ဝယ်ထားဖြစ်လဲလို့ နေတိုး ကိုမေးတော့ “ကိုယ်မလုပ် ရသေးတဲ့ ဇာတ်ရုပ် အမျိုးအစား၊ ဇာတ်လမ်း ဖွဲ့စည်းမှုကို ပရိသတ် ရှစ်ဆယ် ရာခိုင်နှုန်း စိတ်ဝင်စားနိုင်တဲ့ ဇာတ်လမ်းမျိုး၊ ရိုက်ကူးမှု aနရာဒေ သက ကိုယ်နဲ့ အလွယ်တကူ ရိုက်ကူး လို့ရနိုင်တဲ့ နေရာမျိုး ရှိသလို ခက်ခဲတဲ့ နေရာလည်း ရှိတော့ ဇာတ်ကို မျှအောင် ဝယ်ထားတယ်။ အခုချိန်မှာဆို အက်ရှင် ဇာတ်လမ်း မျိုးတွေ မရိုက်ကြဘူးလေ။  ကျွန်တော့်ဆီမှာ အက်ရှင် ဇာတ်လမ်းမျိုးတွေ ရှိတယ်။ ပရိသတ် စိတ်ဝင်စားတဲ့ အချိန်မှာ ရိုက်ရမှာပေါ့။ ဗီဒီယို လမ်းကြောင်းက လည် ပတ် နေတာ ဆိုတော့လေ” လို့ ပြောပြပါတယ်။
ဒီနှစ်မှာ အခြေအနေ တစ်ခုကို စောင့်ကြည့်ပြီး လုပ်ရတဲ့ အတွက် ဗီဒီယိုနဲ့ ဒီဗီဒီတွေ ကိုပဲ ပိုဦးစားပေးပြီး ရိုက်ဖြစ် တယ်လို့ နေတိုးက ပြောပါတယ်။ ရုံတင်ရက်  ကိုစောင့် နေရတဲ့ အတွက် ပရိုဂျူဆာ တွေက မရင်းနိုင်တော့တဲ့ အတွက် ဗီဒီယိုနဲ့ ပြန်လည် ပတ်နိုင်အောင် လုပ်နေရတယ် လို့ပြောပါတယ်။
နေတိုးက သင်္ကြန်ရောက်တိုင်း အိမ် မှာပဲ တရားထိုင်ပြီး အေးချမ်းစွာ ဖြတ်သန်း ဖြစ်ခဲ့တာ များပါတယ်။ ဒီလို တရားထိုင် ဖြစ်ရခြင်းက အဲဒီရက်တွေက ကိုယ်လုပ်ချင် တာကို အာရုံ စူးစိုက်ပြီး လုပ်လို့ရတဲ့ အတွက် လို့ ပြောပါတယ်။ တစ်နှစ်လုံး ဇာတ်ကား ထဲက ဇာတ်ရုပ်တွေနဲ့ပဲ ဖြတ်သန်းနေရ တဲ့အတွက် သင်္ကြန်ကို အိမ်မှာပဲ နားဖြစ်တာ ဖြစ်ကြောင်း နေတိုးက ရှင်းပြပါတယ်။ ဒီနှစ် သင်္ကြန်ကိုလည်း အိမ်မှာပဲ ကမ္မဋ္ဌာန်း ထိုင်မယ်လို့ ဆိုတာကြောင့် “အရင်တုန်းက တော့ အပြင်ထွက်တယ်။  ၂ဝဝ၇ ခုနှစ်က မဏ္ဍပ် လုပ်တယ်။ သင်္ကြန်က နောက် ပိုင်းမှာ ပျော်ရတာထက် စိုးရိမ်ကြောင့် ကြရတာ များတယ်။ အဲဒါကြောင့် သင်္ကြန် ငါးရက်ကို အိမ်မှာပဲ တရား မှတ်ပြီး နားမယ်လို့ ၂ဝဝ၈ ခုနှစ် မှာ ဆုံးဖြတ်လိုက်တာ၊ သင်္ကြန်မှာ အပျော်လွန်ပြီး သတိလက်လွတ် မဖြစ်စေချင်ဘူး။ သင်္ကြန်မှာ အလှူ လုပ်တာမျိုးတော့ လုပ်ဖြစ်မယ့် အဓိကက ကမ္မဋ္ဌာန်း ထိုင်တဲ့ ကျောင်းတွေ၊ ဂေဟာ၊ ဘုန်းကြီး ကျောင်းတွေ မှာ ဆွမ်းကပ် တာ မျိုးတော့ လုပ် ဖြစ်မယ်၊ အခုထိ တော့ မစီစဉ်ရ သေးဘူး” လို့ ပြောပြပါ တယ်။
http://popularmyanmar.com/mpaper/archives/38884

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif