မတ်လ ၂၆ ရက်နေ့တွင် အမေရိကန်သမ္မတ အိုဘားမားအပါအ၀င် ကမ္ဘာ့ခေါင်းဆောင်များသည် နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ ထိပ်သီး ဆွေးနွေးပွဲတစ်ခု ကျင်းပမည်ဖြစ်သည်။
သို့သော်လည်း မြောက်ကိုရီးယားနှင့် အီရန်တို့၏ နျူရည်မှန်းချက်နှင့်ပတ်သက်၍ အဓိကထား ဆွေးနွေးသွားဖွယ်ရှိသည်။ မကြာမီ မြောက်ကိုရီးယားက ဒုံးကျည်စမ်း သပ်ပစ်လွှတ်ရန် စီစဉ်ထားမှုသည် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်တွင် ပြုလုပ်မည့် နှစ်ရက်ကြာ အစည်းအဝေး အကြိုကာလအပေါ် လောင်းရိပ်ကျလျက်ရှိသည်။
အိုဘားမားသည် လုပ်ငန်းအစ ပျိုးစီမံကိန်းနှင့် အခြားပြဿနာများကို တရုတ်၊ ရုရှား၊ တောင်ကိုရီးယားတို့နှင့် ခရီးစဉ်အတွင်း ဆွေးနွေးသွားမည်ဟု သိရသည်။
နျူလက်နက် ပိုင်ဆိုင်သော မြောက်ကိုရီးယားက ၎င်း၏ ဒုံးပစ်လွှတ်မှုမှာ ကမ္ဘာပတ်လမ်းအတွင်း ဂြိုဟ်တုတစ်လုံး ပို့ရန်အတွက်သာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း လာမည့်လတွင် မြောက်ကိုရီးယား၏ ပစ်လွှတ်မှုမှာ တာဝေးပစ် ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုဖြစ်နိုင်ပြီး တစ်နေ့တွင် နျူထိပ်ဖူးတပ်၍ ပစ်လွှတ်နိုင်သည်ဟု အမေရိကန်နှင့် အခြားနိုင်ငံများက ယုံကြည်လျက်ရှိသည်။ http://www.weeklyeleven.com

0 comments:
Post a Comment