နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် နေ့စဉ် နေ့တဓူဝ ကူညီ ပေးဆပ် ဖေးမမှုများ စဉ်ဆက်မပြတ် ရှိနေသလို လူ့သားချင်း စာနာသော မွန်မြတ်သည့် စိတ်ထားများဖြင့် လာရောက်လှူဒါန်းမှုများသည်လည်း စဉ်ဆက်မပြတ် ရှိနေခဲ့ပါသည်။ နေ့စဉ် လာရောက်၍ အလှူငွေများ လှူဒါန်းကြသော အလှူရှင်များသည် သေဆုံးသူအား ရည်စူး၍၄င်း၊ မွေးနေ့အလှူဒါနအဖြစ်၎င်း၊ သူငယ်ချင်းများတို့မှ စုပေါင်း၍၄င်း၊ လစဉ်လတိုင်းလှူဒါန်း၍၄င်း၊ မိခင် ဖခင်တို့အား အမှူးထား/ရည်စူး၍ လှူဒါန်းခြင်းတို့အပြင် သုခဆေးခန်းအတွက် လိုအပ်သော ဆေးဝါးများ၊ ဆေးခန်းသုံးပစ္စည်းကိရိယာများ၊ ပညာဒါနအဖြစ် သုခအလင်းစာကြည့်တိုက်အတွက် စာအုပ်စာပေများ လာရောက်၍ လှူဒါန်းခဲ့ကြသည်။ နာရေးကူညီမှုအတွက် အလှူငွေအပြင် အလှူမီနီယမ်အခေါင်းဖုံး၊ မှန်ခေါင်း၊ စတီးဗန်းစသဖြင့် ပံ့ပိုးကူညီ လှူဒါန်းခဲ့ကြသည့်အပြင် သဘာဝဘေးကြောင့် ဒုက္ခရောက်နေသော ပြည်သူလူထုတို့အတွက် အဝတ်အထည်၊ အိုးခွက်ပန်းကန် စသည်တို့ကိုလည်း ကြိုတင် လှူဒါန်းထားရာ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက လျှင်မြန်စွာဖြင့် ကူညီဖေးမမှုများ ပြုလုပ်နိုင်ရန်အတွက် ဖြစ်ပေသည်။ ထိုသို့ လှူဒါန်းမှုများထဲမှ ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် မြန်မာတပြည်လုံးရှိ စာကြည့်တိုက်များမှ မိမိတို့အား လာရောက် ဆက်သွယ် အကူအညီ တောင်းခံသော မြို့နယ်၊ တိုင်းဒေသများရှိ ပညာရေးဝန်ဆောင်မှုအဖွဲ့များ၊ စာကြည့်တိုက်များသို့ မိမိတို့ သုခအလင်းစာကြည့်တိုက်ရှိ စာအုပ် စာပေများကို ခွဲခြမ်းစိတ်ဖြာ၍ တဆင့် ပြန်လည် လှူဒါန်းမှုများကို ပြုလုပ်ခဲ့ပါသည်။
http://burmatoday.net/news.php?news_ 





Kuala Lumpur Time

0 comments:
Post a Comment