မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကို ရောက်ရှိလာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား မွန်ပြည်နယ်တွင် နေထိုင်ကြတဲ့ ပြည်ထောင်စုဘွား တိုင်းရင်းသားများက မတ်လ ၁၀ ရက်နေ့ ညနေပိုင်းက တည်ခင်း ဧည့်ခံခဲ့တဲ့ ဂုဏ်ပြုညစာစားပွဲ မှတ်တမ်းဓါတ်ပုံများ ဖြစ်ပါတယ်။ ထို ညစာစားပွဲကို မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းက တိုင်းရင်းသားခေါင်းဆောင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒေသတာဝန်ခံများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆက်စကား ပြောကြားခဲ့သလို ညစာစားပွဲ တက်ရောက်သူများနဲ့လည်း ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါတယ်။





0 comments:
Post a Comment